Advertisements

ဝင်ငွေနည်းပါးပြီး အကြွေးဒဏ်ပိနေသော နိုင်ငံသား ၁ဒသမ၆ သန်း၏ အကြွေးများကို တောင်ကိုရီးယားအစိုးရက ဆပ်ပေးတော့မည်ဖြစ်ကြောင်းသိရသည်။

ဝမ်းဆယ်သန်းအောက် (မြန်မာငွေ ၁၂၆ သန်းဝန်းကျင်) အောက် အကြွေးတင်နေသော ကိုရီးယားနိုင်ငံသားများအတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းနှင့် ကိုက်ညီသော နိုင်ငံသားများအနေဖြင့် လာမည့်ဖေဖော်ဝါရီလမှစကာ အကြွေးဆပ်ပေးရေး အစိုးရထံလျှောက်ထားနိုင်ကြောင်း သိရသည်။

အကြွေးပြဿနာရင်ဆိုင်နေရသူများအတွက် ရည်ရွယ်ထူထောင်ထားသော ‘National Happiness Fund’ ရန်ပုံငွေထဲမှ အစိုးရက ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လျှောက်ထားမည့်သူများမှာ မိမိတို့၏ လစဉ်ဝင်ငွေမှာ ဝမ် ၉၉၀၀၀၀ အောက် (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ရှိကြောင်း၊ အကြွေးပြဿနာရင်ဆိုင်နေရသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ကြောင်း အထောက်အထားပြရမည်ဖြစ်သည်။

အဆိုပါ အစီအမံသည် အကြွေး ဝမ် ၆ဒသမ၂ ထရီလီယံ (မြန်မာငွေ ၇ ထရီလီယံဝန်းကျင်) ကို ရှင်းလင်းပေးနိုင်မည်ဖြစ်သည်။ ယင်းစီမံကိန်းကို အဓိက တာဝန်ယူလုပ်ဆောင်မည့် ငွေကြေးဝန်ဆောင်မှု ကော်မရှင်ကတော့ ယခုမူဝါဒမှ အကြွေးနွံနစ်သူများအနေဖြင့် အကြွေးများအားလုံး ပြေလျော့သွားပြီး ဘဝကို အသစ်မှ ပြန်စနိုင်ရန် ရည်ရွယ်သည်ဟုဆိုသည်။

ဆင်းရဲတွင်းနက်ပြီး အကြွေးနွံနစ်နေသော နိုင်ငံသားများကို ကူညီပေးရန်အတွက် Happiness Fund ရန်ပုံငွေကို ၂၀၁၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအစီအမံကို တိုင်းပြည်တွင်းက ဆင်းရဲချမ်းသာကွာဟမှုများကို တိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့သော သမ္မတဟောင်း ပတ်ဂွမ်ဟေး၏ လုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။
အဆိုပါ ရန်ပုံငွေထောင်ပြီးချိန်မှစကာ ယခုအချိန်အထိ ကြွေးပြီး ဝမ် ၆ဒသမ၈ ထရီလီယံမျှ ရှင်းပေးနိုင်ခဲ့ပြီဖြစ်သည်။

Source: BBC

Advertisements
<

Leave a Reply