Advertisements

ရန်ကုန်၊ အောက်တိုဘာ ၃ ရက်။

ကရင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများနှင့် ပင်စင်စားများအတွက် အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် ရွှေဖားစည် အဆင့်မြင့်အိမ်ရာစီမံကိန်း(၂)အား အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းတွင် ပန္နက်တင်လိုက်ကြောင်း သိရှိရသည်။

အဆိုပါအိမ်ရာစီမံကိန်းကို UHM Development ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ ဘားအံမြို့၊ အမှတ်(၅)ရပ် ကွက်တွင် အကောက်အထည်ဖော်မည်ဖြစ်ပြီး ပန္နက်တင်ခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရတာဝန်ရှိသူများ နှင့် ကုမ္မဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်မှာ ရေရှည်တာဝန်တွေထမ်းဆောင်ပြီး ဘာမှအာမခံချက်မရှိဘဲ ပင်စင်ယူသွားကြရတဲ့အခါ မ လောက်မငှ ရင်ဆိုင်ကြုံတွေ့ရတာတွေမဖြစ်အောင် ဒီအိမ်ရာစီမံကိန်းကို နိုင်ငံ့ဝန်ထမ်းတွေအတွက် ဦးစားပေးအ နေနဲ့ဆောင်ရွက်ဖို့ ကုမ္ပဏီနဲ့တိုင်ပင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖြစ်သွားတာပါ။”ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်း၊ ဘဏ္ဍာနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကပြောသည်။

ပြည်သူ့ဝန်ထမ်းနှင့် ပင်စင်စားများအတွက် ဆောက်လုပ်ရောင်းချပေးမည့် ရွှေဖားစည် အဆင့်မြင့်အိမ်ရာစီမံ ကိန်း(၂)တွင် အခန်း(၂၈၀)ပါဝင်မည်ဖြစ်ပြီး တစ်ခန်းလျှင်(၆၂၅)စတုန်းပေကျယ်ဝန်းကြောင်း သိရသည်။

“ရွှေဖားစည်အဆင့်မြင့်အိမ်ရာစီမံကိန်း(၁)ကို တိုက်ခန်းပိုင်ရှင်များလက်ဝယ်ကို အပ်နှံပြီးခဲ့ပါပြီ။ ဒါပေမဲ့ အရပ် ဖက်က ဝယ်ယူသူတွေရော၊ ဝန်ထမ်းတွေရော ရောင်းချပေးခဲ့တာပါ။ အရပ်သားတွေ တွက်(၂)လုံးနဲ့ ဝန်ထမ်း တွေအတွက်(၂)လုံးပဲ လုပ်နိုင်ခဲ့ပါသေးတယ်။ အခန်းအားဖြင့်လည်း(၆၄)ခန်းပဲဆိုတော့ နည်းပါတယ်။ အခု စီမံကိန်း(၂)မှာတော့ အခန်း(၂၈၀)ပါဝင်ပါတယ်။ လိုအပ်လို့ လာရောက်လျှောက်ထားသူဦးရေက (၄၀၀)ကျော် နေတဲ့အတွက် လိုအပ်မှုကိုဖြည့်ဆည်းနိုင်အောင် ကြိုးစားသွားမှာပါ။”ဟု ရွှေဖားစည် အိမ်ရာစီမံကိန်းမှ မန်နေး ဂျင်းဒါရိုက်တာဖြစ်သူ ဦးထွန်းအောင်ရွှေကပြောသည်။

ရွှေဖားစည်အဆင့်မြင့်အိမ်ရာစီမံကိန်း(၂)တွင် (၄)ခန်းတွဲ(၅)လွှာအဆောက်အဦး(၁၄)လုံး တည်ဆောက်သွား မည်ဖြစ်ပြီး တိုက်ခန်းဈေးနှုန်းများမှာ အလွှာနှင့် အခန်းအနေအထားအရ (၁၅၅)သိန်းမှ (၁၇၅)သိန်းထိ ရှိမည် ဖြစ်ကာ လပေါင်း(၆၀)အရစ်ကျပေးသွင်း၍ ဝယ်ယူနိုင်မည်ဖြစ်သည်။  

Written by – MMk

Advertisements
<

Leave a Reply