Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

ပြီးခဲ့သည့် ၂၀၁၇ တစ်နှစ်တာအတွင်းမွန်ပြည်နယ်သို့ ပြည်ပခရီးသွားဧည့်သည် နှစ်သိန်းကျော် ဝင်ရောက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှုုး ဦးသန်းထွဋ်ခိုင်က ပြောကြားသည်။

နှစ်စမှ နှစ်ကုန်ထိကာလအတွင်း ပြည်ပမှခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ၂၁၆၃၈၄ ဦးရှိခဲ့ပြီးပြည်တွင်းဧည့်သည်မှာ ၂၉၉၄၆၀၀ ဦးဝင်ရောက်လာခဲ့ကြောင်း ၎င်းက ပြောသည်။

“ခရီးသွားတွေက တစ်နှစ်ထက်တစ်နှစ်များလာနေတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောရရင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်းကတော့ ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်းလောက် တိုးလာတာကို တွေ့နေရတယ်” ဟု ဦးသန်းထွဋ်ခိုင်က ဆိုသည်။

ပြည်ပ ခရီးသွားဧည့်သည်များတွင်ထိုင်းနှင့် ပြင်သစ်နိုင်ငံသားများ အများဆုံးဝင်ရောက်ခဲ့ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များမှာဆံတော်ရှင်ကျိုက်ထီးရိုး၊ ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရ၊ ကျိုက္ခမီ၊ စက်စဲကမ်းခြေသို့အများဆုံးဝင်ရောက်မှုရှိနေပြီး ရေးမြို့နယ်မှကဗျာဝကမ်းခြေကို စိတ်ဝင်စားမှုရှိသော်လည်း နိုင်ငံခြားသားဝင်ရောက်မှုကိုမူ လုံခြုံရေးအရကန့်သတ်ထားသည့်အတွက် အဝင်နည်းခဲ့ရကြောင်း သိရသည်၊၊

ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှု ပိုမိုများလာစေရန် ဒေသတွင်းရိုးရာလက်မှုပညာလုပ်ငန်းများ အဆင့်တိုးမြှင့်ခြင်း၊ သဘာဝထုတ်ကုန်များ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းအပြင် တိုင်းရင်းသားဓလေ့အစားအသောက်များကိုထုတ်ပိုးမှုပုံစံအစ၊အရသာအဆုံး အရည်အသွေးပြည့်မီအောင်ဖြည့်ဆည်းလုပ်ဆောင်ခဲ့ကြရကြောင်းသိရသည်။

ယခင်၂၀၁၆ခုနှစ်က ပြည်တွင်းခရီးသွား ၂၀၇၉၁၆၀ဦး၊ပြည်ပခရီးသွား ၂၀၂၅၃၄ဦး ဝင်ရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်၊၊

Written by ဂေထော

Advertisements
<

Leave a Reply