Advertisements

အမေရိကန် တိုးရစ်နှစ်ဦးဟာ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာဘုရားကျောင်းမှာ ဖင်ချွတ်ပြီး ဆဲလ်ဖီရိုက်ခဲ့တဲ့အတွံက် အဖမ်းခံခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ Traveling Butts ဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက်မှာ အကောင့်ဖွင့်ထားပြီး အခုအခါမှာ ဖြုတ်ချခံခဲ့ရပေမယ့် အကောင့်အသစ်ထပ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဘန်ကောက်က Wat Arun ဘုရားကျောင်းရှေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံဟာ လူမှု ကွန်ရက်မှာ ပြန့်သွားပြီးတဲ့နောက် သူတို့နှစ်ယောက်ကို အခုလို ဖမ်းလိုက်တာလည်းဖြစ်ပါတယ်။

အခုအခါမှာတော့ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမှုနဲ့ တရားစွဲခံ၇တော့မှာပါ။ ဘုရားကျောင်းတွေကို လာရောက်လည်ပတ်တဲ့လူတွေဟာ အဝတ်အစားကို သင့်လျော်စွာဝတ်ဆင်ရမှာဖြစ်ပြီး တချို့ ဘုရားကျောင်းတွေမှာ ဘောင်းဘီတိုဝတ်တာကို ခွင့်မပြုပါဘူး။

သူတို့နှစ်ယောက်ဟာ ဒဏ်ကြောငး အမေရိကန်ဒေါ်လာ ၁၅၀ ဆောင်ပြီးပြီဖြစ်ပေမယ့် ရဲတွေကတော့ သူတို့ကို ကွန်ပျူတာဥပဒေနဲ့ ဆက်ပြီး တရားစွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီဥပဒေအရဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ပါတယ်။

Source: Aol

Advertisements
<

Leave a Reply