ရဲဘော်မင်းဌေးကို Rambo 4 (ရန်ဘို) ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုတွင် တွေ့ရစဉ်

 

ရဲဘော်မင်းဌေးကို Rambo 4 (ရန်ဘို) ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုတွင် တွေ့ရစဉ်
ရဲဘော်မင်းဌေးကို Rambo 4 (ရန်ဘို) ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုတွင် တွေ့ရစဉ်

န်ကုန် ၊ ဒီဇင်ဘာ ၃၀

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် မြန်မာနို်င်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက် တစ်တပ်ဦး(ABSDF) မြောက်ပိုင်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ရဲဘော်မင်းဌေး အမြန်ဆုံးလွတ် မြောက်ရန် တပ်မတော် နှင့် ညှိုနှိုင်းနေကြောင်း ABSDF ဒုတိယဥက္ကဌရဲဘော်မျိုးဝင်းက ဟင်္သာမီဒီယာသို့ပြောသည်။

 

ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကျောင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ABSDF သည် ရှစ်လေးလုံးအရေးတော်ပုံအပြီး စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ် NCA တွင် လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်သည်။

 

သို့သော်လည်း ယင်းအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကိုယ်စားပြုတက်ရောက်လေ့ရှိသည့် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ရဲဘော်မင်းဌေးသည် ဒီဇင်ဘာလ(၂၈)ရက်နေ့ ညနေပိုင်း ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ် ရှိ သိမ်လုံဂိတ်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ခြင်းဖြစ်သည်။

 

“အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ တပ်ဘက်နဲ့ ညှိုနှိုင်းဆောင်ရွက်နေတယ်လေ” ဟု ရဲဘော်မျိုးဝင်း ကဆက်ပြောသည်။

 

ရဲဘော်မင်းဌေးသည် ဟောလိဝုဒ်နာမည်ကြီးမင်းသားဖြစ်သည့် Sylvester Stallone ရိုက်ကူးထုတ်လုပ်သရုပ်ဆောင်ထားသည့် Rambo 4 (ရန်ဘို) ရုပ်ရှင်ဇာတ်ကားတွင် မြန်မာ တပ်မတော်မှ အရာရှိတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်သည်။

Leave a Reply