မော်လမြိုင်၊ မတ် ၁၄ ။ ။ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ကဖမ်းဆီးထား ပြီး တရားရုံးတွင် အမှုစစ်ဆေးပြီးပြတ် သော မော်တော်ယာဉ် ၁၄၆ စီးကိုမွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာပေါင်း ၉၈ ခုနှင့် ဝန်ကြီးဌာန ၉ ခုထံ မဲဖောက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောကြားသည်။

အဆိုပါမော်တော်ယာဉ်များကို မတ် ၁၅ ရက်နေ့ နံနက် ၁ဝ နာရီအချိန်တွင် မဲဖောက်ပေး မည်ဖြစ်ပြီး ကျန်သော ကားများကို ထပ်မံ မဲဖောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဌာနဆိုင်ရာ များကို မဲဖောက်ပေးမည် ဖြစ်သော် လည်း ပုဂ္ဂလိကကို ပြောင်းလိုက်သည့် ဌာနနှင့် စက်ရုံများကိုမူ မဲနှိုက်ခွင့်ပေးမည် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။
without_car_mlm
အဆိုပါ ကားမဲဖောက် ရာတွင် ဌာနဆိုင်ရာပေါင်း ၉၈ ခုရှိရာမှ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများ၏ ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ ကိုယ်စားလှယ်တစ်ဦးတို့သည် ယင်းကားများကို မဲနှိုက်သွား မည်ဖြစ် ကြောင်း ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

“လောလောဆယ်တော့ ဘာသတင်းမှပေးတာမရှိဘူး အမှန်တကယ် ပြည်ထောင်စုအစိုးရနှင့် စည်ပင်တွေ လုပ်တဲ့ ဆိုတော့ ကျွန်တော်တို့က ဘာမှ ပြောစရာမရှိပါဘူး အကယ်၍ ပြည်နယ်ကို ကိုယ့်လက်ဝါးချင်း ရိုက်ပြီးတော့ လုပ်တာမျိုးတော့ မကောင်းဘူး” ဟု ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ် အတွင်းဖမ်းဆီးထားသော လိုင်စင်မဲ့မော်တော် ယာဉ်များကို ယခုအစိုးရ သက်တမ်းအတွင်း လေလံတင်ရောင်းချမှုသုံးကြိမ် ပြုလုပ်ထားခြင်းဖြစ်ပြီး လေလံတင်ရောင်းချပွဲ လေးကြိမ်မြောက် ပြုလုပ်စဉ်တွင် ပြည်ထောင်စု အစိုးရ၏ ညွန်ကြားချက်ကြောင့် ဖျက်သိမ်းလိုက်ရကြောင်း မွန်ပြည်နယ် အစိုးရ ထံ မှသိရသည်။

Leave a Reply