Advertisements

ဖိလစ်ပိုင်ကျွန်းစုတောင်ပိုင်းရှိ ကက်သလစ်ဘုရားကျောင်း တစ်ကျောင်း၌ ဘာသာရေး အစွန်းရောက် အုပ်စု ၏ ဗုံးဖြင့် နှစ်ကြိမ်ဆက် တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၇ရက်က လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

နယ်မြေများအတွင်း ဘာသာရေး အစွန်းရောက် အုပ်စု၏ နယ်မြေချဲ့ထွင်မှုများကို ကန့်ကွက်ကြောင်း မဲများ ပေးပြီးနောက် ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပွားပုံမှာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆုလုပြည်နယ်၏ မြို့တော်ဂျိုလိုရှိ ရိုမန်ကက်သလစ်ဘုရားကျောင်း တစ်ခုတွင် လူအများ ဝတ်ပြုနေကြစဉ်အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။  ဘုရားကျောင်းအတွင်း ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ဝတ်တက်နေသူတို့၏ အလောင်းများ ပြန့်ကျဲသွားခဲ့ရသည်။

ဗုံးသံကြားပြီးနောက် မီးခိုးများထွက်ကာ ပြိုကျပျက်စီးနေသော ဘုရားကျောင်းသို့ ကယ်ဆယ်ရေး ဆောင်ရွက်ရန် လူအများ ရောက်ရှိလာချိန်တွင် ဘုရားကျောင်းပြင်ပ၌ နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။

၎င်းထပ်ဆင့်ဗုံးတိုက်ခိုက်မှုသည် ဖိလစ်ပိုင်မှ  ဘာသာရေး အစွန်းရောက် အုပ်စု၏ အတင့်ရဲမှု ၊ ရက်စက်မှုနှင့် မငြိမ်းချမ်းမှုတို့ကို ဖော်ပြလျက်ရှိနေပြီး ယခုဖြစ်စဉ်အတွက်  ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

Channel News Asia

Advertisements
<

Leave a Reply