Advertisements

ထားဝယ်၊ မေ ၂၁

ထားဝယ်မြို့အတွင်းဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးကုမ္ပဏီများ အနေနှင့် ဖုန်းကြိုးတပ်ဆင် သည့်တိုင်တစ်တိုင်သာစုပေါင်းအသုံးပြု ရန် ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဆက်သွယ်ရေးကုမ္ပဏီများ ကို ခေါ်ယူညှနှိုင်း လျက်ရှိသည်။

ကွန်ကရစ်ဖုန်းတိုင်များ စုပြုံစိုက်ထူထားခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ့ ဖုန်းတိုင်(၁ )တိုင်သာတွင် ဖုန်းကြိုးများတပ် ဆင်အသုံးပြုနိုင်ရန်နှင့် ကျန်ရှိသောဖုန်းတိုင်များအား ပြန်လည်နူတ်ယူရန် မေလ ၂၁ရက်နေ့က ယင်းကုမ္ပဏီများ အား ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ က ခေါ်ယူ ညှိနှိုင်း ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့လုပ်ဖို့ဟာသူတို့ကိုပြောနေပြီ။ကိုယ်ဟာကိုယ်နှုတ်မလား၊ကျွန်တော်တို့နှုတ်ရမလား၊သူတို့ကိုခေါ်ပြီးပြောနေပြီ၊၂၈ရက်နေ့ကျရင်အဖြေသိရမယ်”ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှဦးက ဆိုသည်။

ထားဝယ်မြို့အတွင်းMPT,MBT,MYTEL,Ocean Wave တို့ကလမ်းနဘေးနေရာတွင်တ နေရာတည်း၌ ကွန်ကရစ်တိုင်များစုပြုံစိုက်ထူထားသည်ကိုတွေ့ရ၍အဆိုပါတိုင်များမှာမိမိဖုန်းတိုင်ဖြစ်ကြောင်းသင်္ကေတအမှတ်အသားပြုလုပ်ပေးရန် စည်ပင်သာယာရေးကော်မတီက ယင်းကုမ္ပဏီများကို အသိပေးထားသည်။

ယင်းသို့ဖုန်းတိုင်(၁)တိုင်တွင်သာသက်ဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီများမှဖုန်းလိုင်းများတပ်ဆင်ရန်အတွက်ကုမ္ပဏီများအချင်းချင်းညှိနှိုင်းရန်ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆက်သွယ်ရေးကုမ္ပဏီ များအား အထက်ပါအစည်းအဝေးတွင် အသိပေးခဲ့သည်။

ရပ်ကွက်အတွင်း ဖုန်းတိုင်များ မည်သည့်နေရာတွင် မည်သည့်ကုမ္ပဏီမှ စိုက်ထူမည်ကို မသိရဘဲ စိုက်ထူပြီးချိန်မှသိရပြီး အချို့ဖုန်းတိုင်များမှာ လမ်း(သို့) လူနေအိမ်ယာဉ်ဝင်ထွက်နှင့်မလွတ်ကင်းသည့်နေရာ များတွင် စိုက်ထူသွားသည်ကိုတွေ့ရကြောင်း အထက်ပါအစည်းအဝေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ပြောသည်။

“နောက်ထပ်စိုက်မယ်ဆိုရင် ကျွန်တော်တို့ခွင့်ပြုချက်ရှိမှစိုက်၊ နေရာသတ်မှတ်ပေးပြီးရင် ယူနီဖောင်းနဲ့လုပ်ကြ ”ဟု ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌဦးလှဦးက ဆိုသည်။

ထိုကြောင့် ဖုန်းတိုင်စိုက်မည့်နေရာအား အိမ်ရှင်၊ စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ သတ်မှတ်ပေးသွားမည်ဟုဆိုသည်။

ထိုအပြင် ရေမြောင်းအထဲ့တွင် မည်သည့်ဖုန်းတိုင်နှင့် လျှပ်စစ်မီးတိုင်မျှစိုက်ထူခြင်းကို လက်မခံဘဲ့ အားလုံးကို ပြန်လည်နှုတ်သွားမည်ဖြစ်ပြီး ရေမြောင်းအတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း(EPC ) မှ ဓါတ်တိုင်များ စိုက် ထူးထားလျင် ပြန်လည်နှုတ်ပေးရန်စာပေးပို့၍ မေတ္တာရပ်ခံသွားမည်ဟု ယင်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

ယင်းသို့ ရေမြောင်းအတွင်းတားဆီးဖြစ်အောင် ကွန်ကရစ်တိုင်များစိုက်ထူထား လျင်စည်ပင်သာယာရေး ဥပဒေအရတရားစွဲဆို၍ရပြီး ပြည်သူများတိုင်ကြားစာများလည်း ရောက်ရှိနေသည်ဟုယင်းကော်မတီထံ မှသိရသည်။

ထားဝယ်မြို့အတွင်း အော်ရီဒူးနှင့် တယ်လီနောကုမ္ပဏီများမှာ မြေအောက်ကေဘယ်ကြိုးများဖြင့် ဖုန်းကြိုးကိုတပ်ဆင်ထားပြီး လမ်းထိပ်များတွင် တူးဖော်ထားသည့်တွင်းများကို ဖုံးရန်ပြုလုပ်ထားသော ကွန်ကရစ်ဖုံး အချို့မှာလည်း အမြင့်နေခြင်းကြောင့် ယာဉ်သွားလာအခက်အခဲကြုံတွေ့နေ၍ ယင်းကွန်က ရစ်ဖုံးများကိုလည်း ပြန်လည်ပြုပြင်ပေးရန် ညှိနှိုင်းသွားမည်ဟု သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply