ရန်ကုန်၊ သြဂုတ် ၂ ။ ။ အများပြည်သူလုံခြုံရေးအတွက် ဖုန်းဆင်း(မ်)ကဒ် (SIM Card) များအားလုံးကို စနစ်တကျ မှတ်ပုံတင်ရ တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၁ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
Tele

ယင်းသို့ ကြေညာထားချက်ကို လိုက်နာခြင်းမရှိဘဲ မှတ်ပုံတင်ခြင်းမရှိသော ဖုန်းကဒ်များ၏ ဆက်သွယ်ရေးဝန် ဆောင်မှုပေးထားခြင်းကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ စတင်ကာ ယာယီရပ်စဲသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖုန်း SIM Card အများအပြား ကိုင်ဆောင်မှုများကြောင့် ဖုန်းမှတစ်ဆင့် နှောက်ယှက်မှုများ ဖြစ်ပွားလာပါက သိရှိရန်ခက်ခဲသောကြောင့် အများပြည်သူလုံခြုံရေးနှင့် နိုင်ငံတော်လုံခြုံရေးအတွက် မှတ်ပုံတင်ခြင်းကို မဖြစ်မနေ ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် လူမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဆွေက ရှင်းပြသည်။

“လုပ်တာက(မှတ်ပုံတင်) အခုကတည်းက စပြီးလုပ်လို့ရနေပါပြီ၊ အချိန်မရတာတွေ မရှိအောင်လို့ ရှစ်လလောက် အချိန်ပေးထားတာပါ”ဟု ၎င်းကဆိုသည်။

၄င်းအပြင် Mobile Money၊ Online Shopping စသည့်ကိစ္စရပ်များ ပြုလုပ်ရာတွင် SIM Cardများကို အသိအမှတ်ပြုပစ္စည်း (Identification Device) တစ်ခုအနေဖြင့် ဆက်စပ်အသုံးပြုနိုင်ရန် နှင့် SIM Card ပျက်ခြင်း၊ ပျောက်ခြင်းများအတွက် အလွယ်တကူပြန်ရရှိနိုင်ရန် စနစ်တကျမှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ထံမှသိရသည်။

အလားတူ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးလျက်ရှိသည့် အော်ပရေတာများထံသို့လည်း SIM Card များ မှတ်ပုံတင်ခြင်း(SIM Card Registration)ကိစ္စကို မဖြစ်မနေ ပြုလုပ် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးထားပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ပါရှိသည်။

SIM Card များ Registration ပြုလုပ်ရန်အတွက် လိုအပ်မည့်အချက် အလက်များမှာ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် (သို့မဟုတ်) အခြား အကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများ အတွက်သာ)၊ အဆိုပါ ကတ်ပြားများ မိတ္တူ၊ အဘအမည်၊ မွေး သက္ကရာဇ် (ရက်/လ/ခုနှစ်)၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

အောင်ကျော်ထွန်း

Leave a Reply