မိုဘိုင်းဖုန်းရောင်းချသောဆိုင်များတွင် ညစ်ညမ်းဗီဒီယိုများနှင့် Application များ ထည့်သွင်းရောင်းချခြင်းမပြုရန် စက်တင်ဘာ ၁၃ရက်နေ့က အသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သုဓမ္မဝတီနယ်မြေရဲစခန်းမှူးရဲအုပ်ဝင်းမင်းသန့်က ဟင်္သာမီဒီယာ သို့ပြောကြားသည်။

all

စက်တင်ဘာလ၁၃ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ကသုဓမ္မဝတီနယ်မြေအတွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဆိုင် များကို သက်ဆိုင်ရာ ရဲစခန်းရှိတာဝန်ရှိသူများကသွားရောက် အသိပေး ဆွေးနွေးခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

ယခင်နှစ်များထက်မုဒိမ်းမှုများ ပိုမိုများပြားလာသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ညွှန်ကြားချက်ဖြင့် လိုက်လံဆောင်ရွက်ရခြင်းဖြစ်ကြောင်း စခန်းမှူးရဲအုပ်ဝင်းမင်းသန့်ကရှင်းပြသည်။

“ဖုန်းတွေနဲ့ညစ်ညမ်းဗီဒီယိုတွေကြည့်တယ်၊ Application တွေမှာ ဝင်ကြည့်တဲ့အချိန်မှာဒါတွေကြည့်ပြီးတော့ စိတ်တွေကြွပြီး မုဒိမ်းမှုတွေ ကျူးလွန်လာကြတယ်၊ အဲ့ဒါကြောင့်အသိပေး ဆွေးနွေးတာပါ၊ အရေးယူဖို့ အစီစဉ်မရှိပါဘူး”ဟု ရဲအုပ်ဝင်းမင်းသန့်က ဆိုသည်။

ဖုန်းဆိုင်များအနေဖြင့်ညစ်ညမ်းဗီဒီယိုများနှင့် Applicationများ လာရောက်သွင်းယူလျှင်တာဝန်သိ ပြည်သူတစ်ယောက်အနေဖြင့် ရောင်းချချင်းမပြုသင့်
ကြောင့် ၎င်းကပြောသည်။

Leave a Reply