(ဓါတ်ပုံ အညွှန်း – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ပထမနေ့ကို ပြည်ထောင်စုလွှတ်တော် စတင်မည့် ဖေဖဝါရီ ၁ ရက်နေ့တွင် ပြန်လည်ကျင်းပမည့်ဖြစ်ပြီး လွှတ်တော်သဘာပတိအပါအဝင် လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပရေးအတွက် လွှတ်တော်လုပ်ငန်းဆိုင်ရာ လွှဲပြောင်းရေး အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်က ကျင်းပခဲ့ပြီး အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ကြား၍ စီမံချက်များကို တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

(ဓါတ်ပုံ အညွှန်း – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်)
(ဓါတ်ပုံ အညွှန်း – ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်)

“လွှတ်တော်အစည်းအဝေးစတာနဲ့ သဘာပတိကို ရွေးပြီး လွှတ်တော်ကိုယ်စားလှယ်တွေက သဘာပတိ အရှေ့မှောက်မှာ ကျမ်းသစ္စာဆိုကြရမယ်။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို ဆက်ရွေးပြီး လွှတ်တော် အစည်းအဝေး ရပ်နားသွားမယ်၊ ဝန်ကြီးချုပ်ကို ပြည်ထောင်စုက သက်မှတ်တဲ့ရက်ရောက်မှ ရွေးချယ် သွားမှာဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်အသစ်နှင့် လွှတ်တော်ကိုယ်စားလှယ်အဟောင်းများ မိတ်ဆက်ပွဲတစ်ခုလုပ်ရန် စီစဉ်နေပြီး မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြည်နယ်လွှတ်တော်ခန်းမတွင်း ပြုလုပ်မည် ဖြစ်ကြောင်းနှင့် မိတ်ဆက်ပွဲတွင် ငါးနှစ်အတွင်း လွှတ်တော်က လုပ်ဆောင်ထားသည့် ဥပဒေ၊ နည်းဥပဒေကို ရှင်းပြသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ရေးရာ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်လွှတ်တော် အနေဖြင့် ပထမအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေး (၁၄) ကြိမ်မြောက်အထိ လွှတ်တော် အစည်းအဝေများမှ ဥပဒေ ၃၅ ခု၊ နည်းဥပဒေ ၁၅ ခု ကို ရေးဆွဲတည်ပြု ပြဌာန်းနိုင်ခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး မှတ်တမ်းများမှ သိရသည်။

Leave a Reply