နယူးယောက် ဖေဖော်ဝါရီ ၂၇

ကမ္ဘာကျော် လူမှုကွန်ယက် ကုမ္ပဏီ ဖေ့စ်ဘွတ်ခ် ဟာ လုပ်ဆောင်ချက် အသစ်တစ်ခုကို ယခု ၂၀၁၉ ခုနှစ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ ကုမ္ပဏီရဲ့ စီအက်ဖ်အို ဒေးဗစ်ဝမ်နာက ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လုပ်ဆောင်ခဲ့သမျှကို တစ်ထိုင်တည်း ဖျက်ပစ်နိုင်တဲ့ လုပ်ဆောင်ချက်အသစ်ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီလုပ်ဆောင်ချက်ကို ၂၀၁၈ခုနှစ် အစပိုင်းကတည်းက ဖေ့စ်ဘွတ်ခ်က လုပ်ဆောင်ပေးမယ့်အကြောင်း ပြောခဲ့ဖူးပေမဲ့ ဒီနှစ်မှ စတင် အကောင်အထည်ဖော် လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ သူတို့ရဲ့ အရင်နှစ်တွေက ဖေ့စ်ဘွတ်ခ် ကနေတစ်ဆင့် အသုံးပြုခဲ့တဲ့ Appတွေ ၊ ဝက်ဘ်ဆိုက်တွေနဲ့ သူတို့ ကြည့်ရှုထားတဲ့ လုပ်ဆောင်ချက်တွေကို တစ်ထိုင်တည်း ဖျက်ပစ်နိုင်မှာဖြစ်ပြီး သူတို့ကိုယ်တိုင်တောင် ပြန်ရှာနိုင်တော့မှာမဟုတ်ဘူးလို့ ဖေ့ဘွတ်ကုမ္ပဏီက ရှင်းပြခဲ့ပါတယ်။

လုပ်ဆောင်ချက်အသစ်ဟာ ဒေတာအချက်အလက် စုဆောင်းဖို့ နေရာအနေနဲ့ အဓိကထား အသုံးချချင်သူတွေ၊ သတင်းအချက်အလက် စုဆောင်းလုပ်ဆောင်နေတဲ့ သုတေသီတွေအတွက် အခက်တွေ့စေမှာဖြစ်ပြီး အသုံးပြုသူတစ်ဦးချင်းစီအတွက်တော့ ပိုမို လုံခြုံစိတ်ချမှုကို ဖြစ်စေမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်ချက်အသစ်အကြောင်းကိုတော့ ၂၀၁၉ခုနှစ်အတွင်းမှာ ဆန်ဖရန်စ္စကိုမှာ ကျင်းပခဲ့တဲ့ နည်းပညာညီလာခံမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ် ရဲ့ စီအီးအို မတ်ဇူကာဘတ်ကတော့ ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုခဲ့သမျှအကြောင်းအရာတွေကို ရှင်းပစ်ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ကို လာမယ့် မတ်လကုန်လောက်မှာ စတင်မိတ်ဆက်သွားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

CNBC

Leave a Reply