နယူးယောက် မတ် ၁

Facebook ကုမ္ပဏီရဲ့ လူမှုကွန်ယက် အပ်ပလီကေးရှင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေတဲ့ လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ် လွှင့်တင်ခဲ့ရာမှာ ဒီအစီအစဉ်ကို အသုံးပြုသူ ဦးရေ သန်း ၂၀၀၀ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီ လုပ်ဆောင်ချက်အသစ်ဟာ ဝန်ထမ်းလိုအပ်နေသူ လုပ်ငန်းရှင်တွေနဲ့ အလုပ်အကိုင် လိုအပ်နေသူတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တိုက်ရိုက်ချိတ်ဆက်ပေးတာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို Facebook ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းခွဲ တစ်ခုအနေနဲ့ ဖော်ဆောင်ဖို့ ၂၀၁၆ခုနှစ်လောက်တုန်းက လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာအခက်အခဲရှိတာကြောင့် ပြန်လည် စိစစ်ပြီး၂၀၁၉ မှာမှ အစမ်းသဘော လုပ်ဆောင်ကြည့်ခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်မှာတော့ အသုံးပြုသူတွေကို အဖိုးအခမယူပဲ ၁၆လအထိ အသုံးပြုခွင့်ပေးမှာဖြစ်တယ်လို့ facebook ရဲ့ နည်းပညာပိုင်းဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ကာရာဒိ့ဗ်အန်နယ်က ပြောပါတယ်။

ဒါပေမဲ့ သတ်မှတ်ကာလထက်ကျော်လွန်ရင်တော့ အသုံးပြုသူတွေကို သတ်မှတ်ထားတဲ့ ဝန်ဆောင်ခကို ကောက်ခံသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဖေ့ဘွတ်ဟာ ၂၀၁၈ခုနှစ်က ကမ္ဘာ့ အလုပ်အကိုင်ရှာဖွေရေးညီလာခံမှာ Workplace appနဲ့ပတ်သက်ပြီး ပြောဆိုထားခဲ့ပါသေးတယ်။ ဒါကို ခြောက်လအကြာ ၂၀၁၉မှာ စတင်အကောင်ထည်ဖော်တာဖြစ်ပါတယ်။ အဲဒီ Workplace လို့ခေါ်တဲ့ အလုပ်အကိုင်ရှာဖွေတဲ့ လုပ်ဆောင်ချက်ကို တော့ Slack, Salesforce and Microsoft ကုမ္ပဏီတွေက နည်းပညာပိုင်းဆိုင်ရာထောက်ပံ့ထားတာဖြစ်ပြီး Facebook နဲ့ အကျိုးတူ လုပ်ဆောင်တာ ဖြစ်ပါတယ်။

CNBC

Leave a Reply