Advertisements

 

မော်စကို ဖေဖော်ဝါရီ ၁၅

အမေရိကန်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားအသုံးပြုမှုများအပါအဝင် ဝင်ရောက်စွက်ဖက်မှုမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovက သတိပေးလိုက်သည်။

Advertisements
data-language="en"

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Mike Pompeoကို ၎င်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတို့နှစ်ဦး ဖုန်းဖြင့် ဆက်သွယ်ပြောဆိုရာတွင် ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုပြုလျှင် အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ရာရောက်မည်ဖြစ်ကြောင်း Lavrovက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် အညီ ဗင်နီဇွဲလားနိုင်ငံကိစ္စ ညှိနှိုင်းဆွေးနွေးရန် အသင့်ဖြစ်နေကြောင်း ရုရှားကြေညာချက်တွင်ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံ အကျပ်အတည်းအခြေအနေသည် အတိုက်အခံခေါင်းဆောင် Juan Guaidoက ၎င်းကိုယ်၎င်း ကြားဖြတ်သမ္မတအဖြစ် ဇန်နဝါရီ ၂၃ ရက်က ကြေညာခဲ့ကာ သမ္မတ Nicolas Maduro အစိုးရကို တရားမဝင်အစိုးရအဖြစ် စွပ်စွဲပြီးနောက် စတင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုနှင့် အချို့သော နိုင်ငံများသည် Guaidoကို သမ္မတအဖြစ်အသိအမှတ်ပြုပြီး အမေရိကန် သမ္မတ Donald Trumpက ဆောင်ရွက်ရမည့် နည်းလမ်းများ ဆွေးနွေးညှိနှိုင်းရမည် ဖြစ်ကြောင်း ပြောသည်။

CNN

Leave a Reply