ရန်ကုန်မြို့ရှိ ဗိုလ်တထောင် (ကျိုက်ဒေးအပ်) ဆံတော်ရှင်တွင် တွေ့ရသည့် ဆံတော် ကြုတ်သည် မြန်မာနိုင်ငံတွင် တွေ့ရှိ ခဲ့ရသည့် ဂဝံ လက်ရာများ အနက် ရှေးအကျဆုံး ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ကထိက ဒေါက်တာ နန်းလှိုင်က ဆိုပါသည်။ (ဓါတ်ပုံ - en.wikipedia.org)
ရန်ကုန်မြို့ရှိ ဗိုလ်တထောင် (ကျိုက်ဒေးအပ်) ဆံတော်ရှင်တွင် တွေ့ရသည့် ဆံတော် ကြုတ်သည် မြန်မာနိုင်ငံတွင် တွေ့ရှိ ခဲ့ရသည့် ဂဝံ လက်ရာများ အနက် ရှေးအကျဆုံး ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ကထိက ဒေါက်တာ နန်းလှိုင်က ဆိုပါသည်။ (ဓါတ်ပုံ - en.wikipedia.org)
ရန်ကုန်မြို့ရှိ ဗိုလ်တထောင် (ကျိုက်ဒေးအပ်) ဆံတော်ရှင်တွင် တွေ့ရသည့် ဆံတော် ကြုတ်သည် မြန်မာနိုင်ငံတွင် တွေ့ရှိ ခဲ့ရသည့် ဂဝံ လက်ရာများ အနက် ရှေးအကျဆုံး ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ကထိက ဒေါက်တာ နန်းလှိုင်က ဆိုပါသည်။ (ဓါတ်ပုံ – en.wikipedia.org)

မော်လမြိုင် ၊ ဇန်နဝါရီ ၁၈

မြန်မာ နိုင်ငံတွင် တွေ့ရှိ ရသည့် ဂဝံ ယဉ်ကျေးမှုနှင့် ရုပ်ပွား ဆင်းတုတော်များ လက်ရာ များအနက် ရန်ကုန်မြို့ရှိ ဗိုလ်တထောင် (ကျိုက်ဒေးအပ်) ဆံတော်ရှင်တွင် တွေ့ရသည့် ဆံတော် ကြုတ်သည် မြန်မာနိုင်ငံတွင် တွေ့ရှိ ခဲ့ရသည့် ဂဝံ လက်ရာများ အနက် ရှေးအကျဆုံး ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ကထိက ဒေါက်တာ နန်းလှိုင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ရန်ကုန် ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ် စေတီတော်မှာ တွေ့ရတဲ့ ဆံတော်ကြုတ်က အစောဆုံး ဖြစ်တယ်၊ စေတီငယ်လေး တစ်ဆူ ရှိတယ်၊ အဲဒါ ဆံတော် ဌာပနာ ထားတဲ့ ဆံတော် ကြုတ်ပဲ” ဟု ဒေါက်တာနန်းလှိုင်က ဆိုပါသည်။

ထို့ပြင် သထုံမြို့ရှိ ရွှေစာရံဘုရားနှင့် သိကြား ဘုရားတို့သည် မြန်မာနိုင်ငံ၏ အစောဆုံး ဂဝံလက်ရာများ အဖြစ် မှတ်တမ်း ဝင်ကြောင်း ဒေါက်တာ နန်းလှိုင်က ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်တွင် ဂဝံ ဗုဒ္ဓရုပ်ပွား ဆင်းတုတော် အများဆုံး ကျန်ရှိနေသည့် နေရာ ဖြစ်ကာ ၊ မင်္ဂလာဒုံ မြို့နယ်တွင်းရှိ ကျိုက်ကလို့ ၊ ကျိုက်ကလဲ့ စေတီတော် ၊ သာဓုကန် စေတီတော် တို့တွင်လည်း ဂဝံ ယဉ်ကျေးမှု လက်ရာ များကို တွေ့မြင် ရကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဂဝံ ယဉ်ကျေးမှုလက်ရာများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ် တို့တွင် တွေ့ရှိ ရပြီး မွန်ပြည်နယ်၏ သထုံမြို့နယ် တွင်းရှိ ဂဝံ လက်ရာများသည် ဘီစီ ၃ ရာစုမှ ၆ ရာစုခန့်က လက်ရာများ ဖြစ်သည်ဟု ယူဆနိုင်ကြောင်း ရှေးဟောင်း သုသေတန ပညာရှင် ဦးစံဝင်း ကလည်း ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“သထုံက လက်ရာတွေက စောတယ်၊ ဘီစီ ၃ ရာစုကနေ ၆ ရာစု ကြားက လက်ရာတွေလို့ ယူဆကြတယ်၊ ဂဝံ ယဉ်ကျေးမှုက အောက်မြန်မာနိုင်ငံမှာပဲ အများဆုံး တွေ့ရတာ ဖြစ်တယ်” ဟုဦးစံဝင်းက ပြောသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် ရှိသည့် ဂဝံ ယဉ်ကျေးမှု ရှေးဟောင်း လက်ရာများကို ရှေးဟောင်း ယဉ်ကျေးမှု ဦးစီး ဌာနမှ ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ် နေသော်လည်း အပြည့်အဝ လုပ်ဆောင် နိုင်ခြင်း မရှိသေးကြောင်း ဦးစံဝင်းက သုံးသပ်သည်။

အစိုးရ အဆက်ဆက် ကလည်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ စာတမ်း များကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် အားနည်း နေသေးကြောင်း ဒေါက်တာမင်းနွယ်စိုး ကလည်း ဟင်္သာမီဒီယာသို့ သုံးသပ် ပြောဆိုသည်။

မွန်လူမျိုး တို့၏ ဘာသာစကား၊ စာပေ၊ ရိုးရာ ဓလေ့ထုံးတမ်းနှင့် အနုသုခုမ၊ ယဉ်ကျေးမှုများကို ဖော်ထုတ်နိုင်ရန် အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် “ရာမညဒေသ သုတေသန စာတမ်း ဖတ်ပွဲ” အား ကျင်းပ ခဲ့ပြီး မွန်တို့၏ ရာမည ဒေသ အထောက်အထား တွေ့ရှိချက်များနှင့် ပတ်သက်၍ စာတမ်း (၉) စောင်ကို မွန်သမိုင်းပညာရှင် (၁၀) ဦးတို့က ဖတ်ကြားခဲ့ကြသည်။

အဂ္ဂနန်

Leave a Reply