Advertisements

ပြီးခဲ့တဲ့သောကြာနေ့က ဗီယက်နမ်နိုင်မှာရှိတဲ့ စမတ်ဖုန်း အလုံး ၃၅၀၀၀ကျော်တို့ ဗိုင်းရပ်များ တိုက်ခိုက်ခံရကာ Facebook) အကောင့်များ၏ စကားဝှက်များခိုးယူခံခဲ့ရတယ်လို့ ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း ကွန်ပြူတာ လုံခြုံရေးလုပ်ငန်း BKAVက ကြေညာပါတယ်။

အဆိုပါ GhostTeamအမည်ရ ဗိုင်းရပ်စ်ဟာ Google Play ပေါ်ရှိ ထင်ရှားသည့် ဗီယက်နမ် အပလီကေးရှင်းများ (Applications) မှတစ်ဆင့် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပြီး စမတ်ဖုန်းသုံးစွဲသူတွေရဲ့ အကောက်တွေကို တစ်ပြိုင်နက်တည်း ထိုးဖောက်ဝင်ရောက်ကာ စကားဝှက်တွေကို ခိုးယူခဲ့ခြင်းဖြစ်တယ်လို့ BKAV ကုမ္ပဏီဘက်က ပြောပါတယ်။

အဆိုပါ ဗိုင်းရပ်စ်တွေကို ဖြန့်တဲ့အခါ ဟက်ကာတွေဟာ Google play ပေါ်မှာရှိတဲ့ ပြက္ခဒိန်၊ ဓာတ်မီးနှင့် သံလိုက်အိမ်မြောင် စတဲ့ ထင်ရှားတဲ့ အပလီကေးရှင်းတွေအဖြစ် ဖန်တီးထားပြီး သုံးစွဲသူတွေက ထို အပလီကေးရှင်းတွေကို ဖုန်းထဲထည့်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ဖုန်းလိုင်းများ နှေးကာ ဗိုင်းရပ်စ်ဝင်ရောက်သည့် ပုံစံအဖြစ်ပြောင်းလဲသွားပြီး လုံခြုံရေးသတိပေးချက်များပေါ်လာကာ ညွှန်ကြားချက်အတိုင်း သုံးစွဲသူက လုပ်ဆောင်မိသွားမည့် အနေအထားမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ထိုညွှန်ကြားချက်အတိုင်း လုပ်ဆောင်မိတာနဲ့ ချက်ခြင်း GhostTeam ဗိုင်းရပ်စ်က ဖုန်းအတွင်းသို့ ဝင်ကာ စကားဝှက်များ ခိုးယူသွားတော့မှာပဲဖြစ်ပါတယ်။

ယခု အဆိုပါအပလီကေးရှင်းတွေကို Google play က ဖယ်ရှားလိုက်ပြီဖြစ်လို့ GhostTeam ဗိုင်းရပ်စ်ကိုက်ခံရတဲ့ ဖုန်းအရေအတွက်ကတော့ လျော့ကျသွားခဲ့ပြီလို့ BKAV က ထုတ်ပြန်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မိုဖိုင်းဖုန်းနဲ့ အင်တာနက်သုံးစွဲသူအရေအတွက် ဟာ ယခင် ၂၀၁၆က သုံးစွဲသူအရေအတွက်ထက် ၂.၁ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါတယ်။

သုံးစွဲသူအနေဖြင့် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မိခဲ့ပြီဆိုပါက GhostTeam ဗိုင်းရပ်စ်သည် ၎င်းတို့၏ ဖုန်းအတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ဖေ့စ်ဘုတ် အကောင့် စကားဝှက်များအား ခိုးယူသွားမည် ဖြစ်သည်။

အဆိုပါ အပလီကေးရှင်းများအား Google Play က ဖယ်ရှားလိုက်ပြီးနောက် GhostTeam ဗိုင်းရပ်စ်ကိုက်ခံရသော စမတ်ဖုန်း အရေအတွက် လျော့ကျသွားခဲ့ကြောင်း BKAV က ပြောကြားခဲ့သည်

လက်ရှိ ဗီယက်နမ်နိုင်ငံ လူဦးရေ 119.7သန်းရဲ့ ၁ဒသမ၃ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းနက် အင်တာနက် သုံးစွဲသူတွေ ဖြစ်ကြပြီးတော့ ဖုန်းတွေ ငွေကြိုတင်ဖြည့်စနစ်နဲ့ သုံးစွဲတဲ့စနစ်ကို တင်းကြပ်စွာ စီမံခဲ့တာကြောင့် သုံးစွဲသူ အရေအတွက် ကျဆင်းခဲ့တယ်လို့ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Ref: Bangkok Post

Written by နော်ဘတ်တီဟန်

Advertisements
<

Leave a Reply