ဟနွိုင်း ဖေဖော်ဝါရီ ၂၈

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ကနဦးနှစ်လတာအတွင်း နိုင်ငံတကာမှခရီးသွားဧည့်သည် အကြမ်းဖျဉ်း ၃.၁ သန်း ဝင်ရောက်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရကြောင်း ဗီယက်နမ် အမျိုးသား ခရီးသွားလုပ်ငန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် အမေရိကန် သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ဗီယက်နမ်နိုင်ငံတွင် တွေ့ဆုံမှုကလည်း ခရီးသွားများ စိတ်ဝင်စားမှုနှုန်းကို အထူး မြင့်တက်စေခဲ့သည်။ ၎င်းတို့၏ တွေ့ဆုံမှုကြောင့် တကူးတက အလည်လာရောက်လိုသူလည်း အများအပြားရှိလာခဲ့သည်။

ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၃၉.၉ ရာခိုင်နှုန်းရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှာ ၂၄.၆ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံမှာ၂၃.၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသွားဧည့်သည်ဝင်ရောက်မှုများ အနက် ၂.၃ သန်းမှာ အာရှနိုင်ငံများမှ ဖြစ်ကာ ၉.၄ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း၊ ဥရောပနိုင်ငံများမှ ၄၆၁,၅၀၀ ဦးရှိပြီး ၄.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

အမေရိကတိုက်မှ ၂၀၈,၆၀၀ ဦးရှိကာ အဓိကအားဖြင့် အမေရိကန်နိုင်ငံမှဖြစ်ကာ ၄.၆ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း၊ အများအားဖြင့် သြစတြေးလျတိုက်မှအပါအဝင် Oceania မှ ၈၈,၅၀၀ ဦးရှိပြီး ၂ ရာခိုင်နှုန်းကျဆင်းသွားကြောင်းနှင့် အာဖရိကမှ ၈,၄၀၀ ဦး ဝင်ရောက်ခဲ့ကာ ၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယင်း ၂ လတာကာလတွ် တရုတ်ခရီးသွားဧည့်သည် ၈၈၉,၉၀၀ ဦး ဝင်ရောက်ခဲ့ကာ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း၏ ၂၈.၈ ရာခိုင်နှုန်း ရှိကြောင်း ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Bangkok Post

Leave a Reply