ဗြိတိန်က သရဲအခြောက်ဆုံးထောင်မှာ တစ်ညသွားအိပ်ကြမလား

ကွပ်မျက်ခံထားရတဲ့ အ ကျဉ်းသားတွေရဲ့ အုတ်ဂူတွေရှိနေ ပြီး ဗြိတိန်နိုင်ငံမှာ သရဲအခြောက် ဆုံးနေရာတစ်ခုလို့ သတ်မှတ်ခံ ထားရတဲ့ ထောင်ကြီးတစ်ခုဟာ အခုဆိုရင် လူတွေတစ်ညတာလာ ရောက်အိပ်နိုင်တဲ့ ဝန်ဆောင်မှုကို စပေးနေပြီလို့ သိရပါတယ်။

ရှိပ်တွန်မောလက် ထောင် ဟာ တစ်ခါကနိုင်ငံအတွင်းက အဆိုးဆုံး၊ အကြမ်းတမ်းဆုံးသော ရာဇဝတ်သားတွေကို ဖမ်းဆီး ထားခဲ့တဲ့ ထောင်လည်းဖြစ်ပါ တယ်။
အခုအခါမှာတော့ ဆမ်းမား ဆက်မှာရှိတဲ့ အဲဒီထောင်မှာသရဲ ရှာတာတွေ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အသည်းငယ်တဲ့လူတွေ အတွက်တော့ မဖြစ်နိုင်ပါဘူး။

အဲဒီထောင်မှာ တစ်ညတည်း ခိုမယ်ဆိုရင် ထောင်ကိုခြောက် လှန့်နေတယ်ဆိုတဲ့ သရဲတွေကို လိုက်ရှာတာမျိုးတွေ လုပ်နိုင်ပါ တယ်။
အဲဒါကို စီစဉ်သူတွေကတော့ ထောင်မှာ တည်းခိုရတဲ့ညတွေ ဟာ ကြောက်စရာ၊ လန့်စရာ ကောင်းတယ်လို့ ပြောကြပါတယ်။

‘ဗလာကျင်းနေတဲ့ စင်္ကြံလမ်း တွေ၊ အသက်မဲ့နေတဲ့ အခန်းတွေ ဟာ ဒီလိုနေရာမျိုးမှာ ရှိနေရခြင်း က ဘယ်လိုများနေမလဲဆိုတာ စမ်းသပ်လိုသူတွေ အတွက်တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်”လို့ ဆိုပါတယ်။

ဒီအကျဉ်းထောင်ရဲ့ အတိတ် သမိုင်းဟာ သိပ်ပြီး ရက်စက်ကြမ်း ကြုတ်ခဲ့ပြီး လူဘယ်နှယောက် ကွပ်မျက်ခံရသလဲဆိုတာ မသိနိုင် ပါဘူး။

‘ဒီထောင်မှာ ခြောက်လှန့်နေ တယ်ဆိုတဲ့ သရဲတွေကလည်း အ မျိုးအစား တော်တော်စုံပါတယ်။ ၁၇ ရာစုကအထိ ဆက်စပ်မှုရှိနေ သလို ဒီမြေကြီးအောက်မှာလည်း ထောင်ပေါင်းများစွာသော အမည် မသိရတဲ့ ကွပ်မျက်ခံရသူတွေ မြှုပ် ထားတဲ့အတွက် ဒီနေရာမျိုးဟာ တစ်ယောက်တည်း မနေရဲတဲ့ နေရာမျိုးဖြစ်ပါတယ်’ လို့ စီစဉ်သူ တွေက ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ အဲဒီထောင် ကို ပိတ်သိမ်းခဲ့တဲ့အခါမှာ အရင်က အဲဒီထောင်မှာ စာကြည့်တိုက်မှူး လုပ်ခဲ့တဲ့ ဖရန်ဆစ်ဒစ္စနေက သူ့ရုံး ဟာ အရင်တုန်းက အကျဉ်းသား တွေကို ကွပ်မျက်တဲ့နေရာဖြစ် တယ်လို့ The Telegraph ကို ပြောဆိုခဲ့ပါတယ်။

‘အဲဒီအခန်းထဲမှာ လူ ၁၆ ယောက်ကို ကြိုးပေးသတ်ဖြတ်ခဲ့ပါ တယ်။ ဒါပေမယ့် ကျွန်တော် ကြောက်စိတ်မရှိခဲ့ဖူးပါဘူး။ အဲဒီ နံရံတွေသာ စကားပြောတတ်ရင် ကွပ်မျက်ခံရသူတွေရဲ့ အသံတွေ သာပဲ့တင်ထပ်နေလိမ့်မယ်’ လို့ သူက ပြောပါတယ်။

အဲဒီ ထောင်ဟာ ၁၆၂၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါ တယ်။ ၁၇ ရာစု၊ ၁၈ ရာစုတုန်းက အဲဒီထောင်မှာ ယောကျ်ား၊ မိန်းမ၊ ကလေးများစွာကို ဖမ်းဆီးထိန်း သိမ်းထားခဲ့ပြီး ကျောက်ရောဂါ တွေပျံနှံ့နေတဲ့ ထောင်ခန်းထဲမှာ ဒီအတိုင်းပဲ ငတ်ငတ်ပြတ်ပြတ်နဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရက်စက်တဲ့ ကွပ်မျက်မှုတွေ လည်းရှိခဲ့ပြီး ယခုခေတ်နှင့်အနီး စပ်ဆုံး ဒုတိယကမ္ဘာစစ်အပြီးမှာ အဓမ္မပြုကျင့်မှု၊ လူသတ်မှုတို့ ကြောင့် အမေရိကန်စစ်သား ၁၈ ယောက်ကို ကွပ်မျက်ခဲ့ဖူးပါတယ်။ ၁၆ ယောက်ကို ကြိုးပေးသတ်တာ ဖြစ်ပြီး ၂ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

Source: Mirror

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်