Advertisements

လန်ဒန် ဧပြီ

ဗြိတိန်အစိုးရက တရုတ်အခြေစိုက်ဟွာဝေးကုမ္ပဏီရဲ့ 5Gကွန်ယက်နည်းပညာကို အသုံးပြုဖို့အတွက် ခွင့်ပြုပေးလိုက်ပြီးလို့ အစိုးရအဖွဲ့က ကြေညာပါတယ်။

ဟွာဝေးကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်ကုန်လောက်ကတည်းက အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံတော်တော်များများက ပိတ်ပင်ထားတာကို ခံခဲ့ရပါတယ်။

ဟွာဝေးကုမ္ပဏီဘက်က အမည်မဖော်လိုသူ အရင်းအမြစ်တစ်ယောက်ကတော့ ဗြိတိန်နိုင်ငံဟာ ဟွာဝေးရဲ့ 5Gကွန်ယက်ကို နောက်မျိုးဆက်သစ် ကွန်ယက်လို့ တင်စားထားပြီး နှစ်ပေါင်းတော်တော်ကြာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဗြိတိန်နိုင်ငံအနေနဲ့ 5Gကွန်ယက်ကိုသာအသုံးပြုခွင့်ပေးမှာ ဖြစ်ပြီး အခြား ဆော့ဝဲတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေကိုတော့ ခွင့်ပြုပေးမှာမဟုတ်ဘူးလို့သိရပါတယ်။

အနောက်နိုင်ငံတော်တော်များများဟာ ဟွာဝေးကို တရုတ်ရဲ့ စပိုင်ကုမ္ပဏီအဖြစ် စွပ်စွဲထားပြီး နည်းပညာအသုံး ချပြီး နိုင်ငံတကာရဲ့ အချက်အလက်တွေကို ခိုးယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတာကြောင့် ဗြိတိန်နိုင်ငံဘက်က အနည်းငယ် တင်းကြပ်ထားတာပဲ ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဆွေးနွေးချက်တွေအရ အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ပေမဲ့ ဟွာဝေးဟာ ယုံကြည်ရသေးတဲ့ ကုမ္ပဏီအဖြစ် အခုထိ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဗြိတိန်နိုငငံကတော့ ဟွာဝေးကို ခွင့်ပြုခဲ့ပြီးဖြစ်တာကြောင့် နောက်ဆက်တွဲ အင်တာနက်ကွန်ယက်အသုံးပြုမှု တွေဟာ ဟွာဝေးကုမ္ပဏီတွေဆီမှ အသုံးပြုမှာဖြစ်ပြီး မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ သြစတေးလျနိုင်ငံတွေကိုလည်း ဒီကွန်ယက်ကိုပဲအသုံးပြုဆက်သွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်မှ လေ့လာသူတွေကတော့ တရုတ်ဟာ အနောက်ဘက်တံခါးကနေလှည့်ဝင်လာပြီလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဟွာဝေးကုမ္ပဏီဘက်ကတော့ သူဟာ တရုတ်နိုင်ငံအတွက် အချက်အလက်ကို စပိုင်လုပ်ပေးနေတယ်ဆိုတဲ့ အချက်ကို အပြည့်အဝငြင်းဆိုထားပြီး စီးပွားရေးကိုသာ အဓိကထားလုပ်ကိုင်တဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီအဖြစ် ကြေညာထားပါတယ်။ ဥပဒေနဲ့အညီလုပ်နေတာကြောင့် တရုတ်နိုင်ငံက အချက်အလက်တောင်းခံချင်ခဲ့ရင်တောင် ဥပဒေအရ ပေးမှာမဟုတ်ဘူးလို့ အာမခံ ထားပါတယ်။

Ref: CNBC

Advertisements
<

Leave a Reply