Advertisements

တိုကျို ဖေဖော်ဝါရီ

ဂျပန်နိုင်ငံ ပြည်တွင်းအခြေစိုက် SoftBankဟာ ဗြိတိန်ရဲ့ နာမည်ကျော် OakNorth ဒစ်ဂျစ်တယ်ဘဏ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၀၀၀၀ကျော် ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ဗြိတိန်ဘဏ်ဘက်က အတည်ပြု ကြေညာပါတယ်။

OakNorth ဘဏ်ဟာ ဒီဂျစ်တယ်နဲ့ ဗြိတိန်တစ်နိုင်ငံလုံးသာမက သြစတေးလျအထိ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မူလက ဒေါ်လာ သန်းပေါင်း ၃၉၀၀၀၀သာရှိခဲ့ပြီး SoftBank ဘက်က အမေရိကန်ဒေါ်လာ သန်း၁၀၀ ကနဦးရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ရှယ်ယာတန်ဖိုးတွေရုတ်တရက် မြင့်တက်ခဲ့ ပါတယ်။

Advertisements
data-language="en"

နောက်ပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံငွေအပြည့်အဝ ထည့်ခဲ့ပြီး ထပ်မံထည့်သွင်းခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကနဦးဘဏ်လည်ပတ်နေတဲ့ ငွေပမာဏထက်ပိုခဲ့တာကြောင့် ဗြိတိန်စီးပွားရေးသမားတွေ သတိထားစရာ ဖြစ်လာခဲ့ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုဟာ တစ်နှစ်အတွင်း ဂျပန်ဘဏ်ဘက်ကို ဒေါ်လာ ၂ဒသမ၈သန်းအထိ ဝင်ငွေပုံမှန်ဝင်နေစေမှာဖြစ်ပြီး အခြား ငွေဈေးအတက်အကျပေါ်မူတည်ပြီးဖြစ်လာမဲ့ စီးပွားရေးဆိုင်ရာ အမြတ်ငွေတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ လက်ရှိ ဂျပန်နဲ့ ဗြိတိန်တို့ ပူးပေါင်းလိုက်တာကြောင့် ဥရောပမှာရှိတဲ့ နာမည်ကျော် ငွေကြေးဝန်ဆောင်မှု ဘဏ်လုပ်ငန်းတွေကိုပါ ခြေရာတိုင်းနိုင်တဲ့အထိ ကြီးကျယ်ခဲ့ပါတယ်။

ဗြိတိန် OakNorth ဘဏ်ဘက်ကတော့ ဂျပန်ပြည်တွင်းဘဏ်တစ်ခုနဲ့ စီးပွားလက်တွဲနိုင်တာကို ဂုဏ်ယူတယ်ဆိုတဲ့အကြောင်း ကြေညာခဲ့ပြီး ဒါဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးအတွက် အထောက်ပံ့ကောင်းဖြစ်နေတယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ထင်ကြေးပေးနေကြပါတယ်။

ဂျပန်ဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ငွေကြေးဝန်ဆောင်မှုအတွက်သာမက နည်းပညာနဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေအထိပါ ပါဝင်နေတယ်လို့ သိရပါတယ်။

OakNorth ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရီရှီခိုရှာက ယခုလိုဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်ရတာဟာ အာရှနိုင်ငံတွေနဲ့ စီးပွားရေးချိတ်ဆက်လုပ်ကိုင်နိုင်မဲ့ စီးပွားရေးကွန်ယက်ကိုတည်ဆောက်လိုတာကြောင့် ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်နေသလို ဗြိတိန်ရဲ့ ဥရောပနိုင်ငံတွေမှ ခွဲထွက်ရေးအခြေအနေဟာလည်း အနောက်နိုင်ငံ စီးပွားရေးလုပ်ငန်းတွေကို ဂယက်ထစေပါတယ်။ ဂျပန်ဘဏ်ရဲ့ ဗြိတိန်ခြေလှမ်းသစ်ဟာ Berxit ကို ထောက်ခံအားပေးနေတဲ့သဘောဆောင်တယ်လို့လည်း လေ့လာသူတွေက ဆိုကြပါသေးတယ်။

CNN

Leave a Reply