မော်လမြိင်မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဗြောက်အိုး ရောင်းဝယ် ပြုလုပ်နေသည့် ဆိုင်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဝင်ရောက် စစ်ဆေးမည်ဖြစ်ပြီး ဗြောက်အိုးရောင်း ချကြောင်းတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

cropped-logo-copy.jpg

“ကျွန်တော်တို့ကစုံစမ်းလို့ ပစ္စည်းတွေ့ရင်သိမ်းမယ်။ နောက်ပြီးသူတို့ကို အရေးယူဆောင်ရွက်ဖို့ လုပ်မယ်၊ ထုတ်ထားတဲ့ အမိန့်အတိုင်းကိုမလိုက်နားဘူးဆိုရင် ကျွန်တော်တို့ကဒီအမိန့်အတိုင်းကို တရားစွဲရမယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဗြောက်အိုးများရောင်းနေချသည့် ဆိုင်များကိုစုံစမ်းဖော်ထုတ်ပေးရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရဲဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များကိုညွှန်းကြားထားကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဗြောက်အိုး ရောင်းဝယ်ခြင်းများ ပြုလုပ်ပါကတည်ဆဲဥပဒေအရထုတ်ပြန်ထားသည့် အမိန့် အာဏာကိုဖီဆန်ခြင်းဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမြင့်ဦးကပြောကြားသည်။

အလားတူ ရက်ကွက်၊ ကျေးရွာအုပ်စုများတွင် ရောင်းချနေသည့်ဆိုင်များတွေ့ရှိလျှင် ပြည်သူများ လာရောက် တိုင်ကြားလာပါကလာရောက်ဖမ်းဆီးပေးမည်ဖြစ်ပြီး၊ လာရောက်တိုင်ကြားသူ၏ အမည်ကိုဖော်ထုတ်သွားမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Leave a Reply