ရှာပိုရာဒွစ်၊ ဘင်္ဂလားဒေ့ရှ်။ ။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂလီများကို သယ်ပို့ပေးနေသည့် လှေပေါင်း အစီး နှစ်ဆယ်ခန့်ကို စိတ်ကြွရူးသွပ်ဆေးများ သယ်ယူပိုပဆောင်နေသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှင်အာဏာပိုင်များက ဖျက်ဆီးပစ်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ရှာပိုရာ ဒွစ်သို့ လှေများဆိုက်သည့်အခါ လှေများကို ဒေသခံများက မဖျက်ဆီးမီ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များသည် ခရီးသည်များနှင့် လှေသမားများကို ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ထွက်ပြေးလာသူများက ပြောသည်။

သို့သော်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဦးစီးမှူး အရီဖူ အစ္စလာမ်ကတော့ ထိုကဲ့သို့ ရိုက်နှက်မှုများမရှိကြောင်း ငြင်းဆိုခဲ့ပြီး လှေများကို ဖျက်ဆီးရခြင်းမှာလည်း လူကုန်ကူးမှုနှင့် ယာဘဟုခေါ်သော မူးယစ်ဆေးများ ခိုးသွင်းလာမှုများကို နှိမ်နင်းရန်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်းပြောဆိုခဲ့သည်။

‘သူတို့ ပို့မပေးသင့်တဲ့ ခရီးသည်တွေကို သယ်လာတယ်’ ဟု ၎င်းက ဆိုသည်။

လှေသမားများမှာ ဘင်္ဂလီများကို မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ပို့ပေးခြင်းဖြင့်အမြတ်ထုတ်နေကြောင်း ၎င်းက စွပ်စွဲသည်။

လှေတစ်ခါစီးလျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာခါ တစ်သောင်း (အမေရိကန်ဒေါ်လာ ၁၂၃ ဒေါ်လာ) တောင်းကြောင်း ခရီးသည် အချို့က ပြောပြီး အချို့သော ခရီးသည်များကတော့ ၎င်းတို့အနေဖြင့် အခမဲ့ စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်။

ခရီးသည် လေးဦးက ၎င်းတို့အနေဖြင့် လှေပေါ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်း မရှိကြောင်း ပြောသော်လည်း အရီဖူကတော့ နယ်ခြားစောင့်တပ်သားများသည် အင်္ဂနေ့ညက ရေထဲတွင် မူးယစ်ဆေးများစွာ တွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့သည်။

Source: Reuters

Leave a Reply