Advertisements

အသက် ၆၀ အရွယ် အမျိုး သားတစ်ဦးဟာ အများပြည်သူ တွေစီးနင်းတဲ့ ဘတ်စ်ကားထိုင်ခုံ တွေပေါ်မှာ သွားကြားထိုးတံတွေ ထောင်ထားခဲ့တဲ့အတွက် အဖမ်းခံရ ပြီးတရားရုံးကိုရောက်လာခဲ့ပါတယ်။

လင်းလီဆန်ဆိုတဲ့ အဲဒီအမျိုး သားဟာ စင်ကာပူနိုင်ငံ ဒဲလ်တာ အောက်လမ်းမှာ သွားနေတဲ့ဘတ် စ်ကားပေါ်မှာ အဲဒီလိုထောင်ထား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားဟာ ထိုင်ခုံ တစ်ခုမှာသွားကြားထိုးတံ သုံး ချောင်းစီ ထောင်ထားခဲ့တာဖြစ်ပြီး ဒီနှစ်နွေရာသီမှာ လေးကြိမ်တိတိ လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

သူက အဲဒီလိုလုပ်တဲ့အတွက် SBS ဘတ်စ်ကား ကုမ္ပဏီဟာ ထိုင်ခုံတွေလဲခဲ့ရတဲ့အတွက် စင် ကာပူဒေါ်လာ ၁၃၀၀ ကုန်ကျခဲ့ တယ်လို့ ဆိုပါတယ်။
သူ့လုပ်ရပ်ကြောင့် ခရီးသည် တွေ ထိခိုက်နာကျင်ခဲ့ရခြင်း ရှိမရှိ ကတော့ ကွဲကွဲပြားပြား မသိရပါ တယ်။

တရားရုံးမှာ သူ့အတွက်ရှေ့ နေငှားထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ သူဟာ လာမယ့် စက်တင်ဘာ ၂၇ ရုံးချိန်းမှာအပြစ် ရှိကြောင်း ဝန်ခံသွားဖို့စီစဉ်ထားသ လို ရှေ့နေလည်းငှားဖို့ စီစဉ်ထား ကြောင်း တရားရုံးကိုထွက်ဆိုခဲ့ တယ်လို့ဆိုပါတယ်။ သူဟာထောင် ဒဏ် နှစ်နှစ် ကျခံရဖွယ်ရှိနေပါ တယ်။

ဘတ်စ်ကား စီးသူတစ် ယောက်က ထိုင်ခုံမှာသွားကြား ထိုးတံတွေ ထောင်ထားတာကို တွေ့ရှိပြီး ဓာတ်ပုံရိုက်ကာ ‘ထိုင် မယ်ဆိုရင် ကြည့်ထိုင်ကြပါ’ လို့ ရေးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ရာ ကအများရဲ့ အာရုံစိုက်ခြင်းခံခဲ့ရ တာဖြစ်ပါတယ်။

Source: Metro

Advertisements
<

Leave a Reply