Advertisements

ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ BTS မိုးပျံရထားဘူတာရုံတစ်ခုအနီးနှင့် အခြားသုံးနေရာတွင်ယနေ့ နံနက်ပိုင်းက ပေါက်ကွဲသံကြီးများကို ကျယ်ကျယ်လောင်လောင်ကြားခဲ့ကြရပြီး ယင်းဖြစ်ရပ်တွင် အနည်းဆုံး လူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြသည်။

ဒဏ်ရာရရှိသွားသူ နှစ်ဦးမှာ ဘန်ကောက်မြို့၊ ရာမ ၉ လမ်းပေါ်တွင်ဖြစ်ပေါ်သော ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ချောင်နွန်စီ BTS မိုးပျံရထားဘူတာရုံအနီးတွင် ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှုနှင့်တူသော ပေါက်ကွဲသံကြားခဲ့ရပြီး ယင်းဘူတာရုံထွက်ပေါက် နှစ်ခုကို လုံခြုံရေးအတွက် ပိတ်ထားသည်။ အလားတူပင် ဘူတာနှင့်နီးသော မြေပြင်ရှိဧရိယာကိုလည်း ရဲတပ်ဖွဲ့က ပိတ်ထားသည်။

လူမှုကွန်ရက် Twitter တွင်တက်လာသော ဓာတ်ပုံတစ်ပုံ၌ ဘူတာရုံပလက်ဖောင်းတွင် မှန်ကွဲများပြန့်ကျဲနေပုံပါဝင်သည်။

ဘန်ကောက်မြို့ ရာမ ၉ လမ်း၊ လမ်းသွယ် ၅၇/၁ တွင်လည်း ကျယ်လောင်သည့် ပေါက်ကွဲသံများကြားခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိသွားသည်။ ပေါက်ကွဲသံကြီးတစ်ခုမှာမူ King Power Mahanakhon အဆောက်အအုံအပြင်ဘက်၊ ဆိုခဲ့ပါ BTS ဘူတာရုံအနီး၌ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချန်ဝတ်တာနာလမ်းမပေါ်ရှိ အစိုးရ အဆောက်အအုံ တစ်ခုအနီးတွင်လည်း ပေါက်ကွဲသံကြီးကို သုံးခါတိတိကြားခဲ့ရသည်။

ထိုင်းရဲတပ်ဖွဲ့မှ ဗုံးနှင့် ပေါက်ကွဲပစ္စည်း ကျွမ်းကျင်သူများကိုလည်း အခင်းဖြစ်ပွားရာနေရာတွင် တွေ့မြင်ရသည်။

Credit: Bangkok Post

Advertisements
<

Leave a Reply