ဘန်ကောက်တွင် အလုပ်ရရှိရန် ရှာဖွေပေးမည် ဟုထိုင်း – မြန်မာနယ်စပ်သို့ခေါ်ဆောင်သွားပြီးအဓမ္မပြုကျင့်ခဲ့သူများကိုအရေးယူထားကြောင်းပေါင်မြို့နယ်မြို့မရဲစခန်းမှရဲအုပ်အောင်ကျော်မိုးက ဟင်္သာမီဒီယာသို့ပြောကြားသည်။

logo-copy

ပေါင်မြို့နယ် ထန်းပင်ချောင်ကျေးရွာတွင် နေထိုင်သော အမျိုးသမီးငယ်နှစ်ဦးကို ယင်းကျေးရွာတွင် နေထိုင် သော ဒေါ်စန်းနုက တစ်ဦးလျှင် ငွေကျပ်လေးသိန်းပေးရုံဖြင့် ဘန်ကောက်တွင် အလုပ် အကိုင် ရှာဖွေပေးမည် ဟုဆိုကာထိုင်း -မြန်မာနယ်စပ် မဲဆောက်မြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်း ၏ သားဖြစ်သူ နှစ်ဦးကအဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်းပေါင်မြို့နယ်မြို့မရဲစခန်းမှရဲအုပ်အောင်ကျော်မိုးကဆိုသည်။

ဒေါ်စန်းနု၏ သားဖြစ်သူဦးမင်းဦး နှင့် ဦးရန်အောင်တို့သည် ထန်းပင်ချောင်ကျေးရွာတွင်နေထိုင်သောအသက်၁၅နှစ်ခန့်နှင့်အသက်၁၉နှစ်ခန့်အရွယ်ရှိသည့်အမျိုးသမီးငယ်နှစ်ဦးကို မဲဆောက်မြို့နှင့် မြဝတီတို့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဒေါ်စန်းနု၏ သားဖြစ်သူဦးမင်းဦးကအသက် ၁၅နှစ်အရွယ်အမျိုးသမီးကို မဲဆောက်မြို့သို့ ခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့နောက် ဒေါ်စန်းနု၏ သားဖြစ်သူဦးရန်အောင်ကအသက် ၁၉ နှစ် အရွယ် အမျိုးသမီးနှင့် အမျိုးသားတစ်ဦးကို မြဝတီမြို့သို့ခေါ်ဆောင်သွားပြီးအမျိုးသားတစ်ဦးကိုသာဘန်ကောက်မြို့သို့ပို့ဆောင်ပေးခဲ့ပြီး အသက်၁၉နှစ်အရွယ် အမျိုးသမီးကိုမူတည်းခိုသည့် နေရာတွင် တစ်လတိတိသားမယားပြုကျင့်ခဲ့ကြောင်း ၎င်းကဆိုသည်။

“သမီးကအမေနှင့် စိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းလာတာ၊ကိုရန်အောင်က မြဝတီရောက်တော့ ဘန်ကောက်ပို့ပေးမယ် ပြောပြီးမပို့ပေးဘဲ တည်းခိုခန်းခေါ်သွားပြီး အနိုင်ကျင့်ခဲ့တယ်” ဟု ဦးရန်အောင်က အဓမ္မပြုကျင့်ခဲ့သည့် အသက် ၁၉နှစ်အရွယ် အမျိုးသမီးငယ် က ဆိုသည်။

မေလ ၁၇ရက်နေ့တွင် အသက် ၁၅နှစ် အရွယ် အမျိုးသမီးငယ်၏ အဘွားဖြစ်သူဒေါ်ငွေဝင်းက ထန်းပင်ချောင်အမျိုးသမီးရေးရာအကူအညီဖြင့် ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းအဆိုပါ အမျိုးသမီးငယ်၏ အဖိုးဖြစ်သူဦးပေါ်ထွန်းကဆိုသည်။

ထို့နောက် အဆိုပါ အမျိုးသမီးငယ်နှစ်ဦးကိုထိုင်းနိုင်ငံသို့ပို့ဆောင်ခြင်းမရှိဘဲနေအိမ်သို့ ဇွန်လပထမပတ်ကပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း အသက်၁၅နှစ်အရွယ်အမျိုးသမီးငယ်၏ အဖိုးဖြစ်သူကပြောကြားသည်။

“သူတို့ မိသားစုကိုရွာထဲမှာမထားစေချင်တော့ဘူး၊သူတို့တွေကိုထောင်ဒဏ်ကြီးကြီးချမှတ် စေချင်တယ်”ဟုအသက်၁၅နှစ်အရွယ်အမျိုးသမီးငယ်၏ အဖိုးဖြစ်သူကပြောကြားသည်။

ထို့နောက် ဦးမင်းဦးနှင့် မိခင်ဖြစ်သူဒေါ်စန်းနုကဇွန်လ ၇ရက်နေ့က ပေါင်မြို့မရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကာဦးရန်အောင်ကဇွန်လ ၁၅ရက်နေ့က လာရောက် အဖမ်းခံခဲ့ကြောင်းရဲအုပ် အောင်ကျော်မိုးကပြောသည်။

ဦးမင်းဦး၊ဦးရန်အောင်နှင့်ဒေါ်စန်းနုတို့ကို ပြည်ပအလုပ်အကိုင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၆အရလည်းကောင်း၊အမျိုးသမီးကိုအတင်းအဓမ္မထိမ်းမြားပေးစားရန်ခိုးယူ၊သွေးဆောင်မှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၆၆အရလည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

ထို့နောက် ဇွန်လ ၁၅ရက်နေ့က အဆိုပါမိသားစု ၃ဦးကို ပေါင်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကာ ဇွန်လ ၂၃ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း ပေါင်မြို့နယ်တရားရုံးမှ သိရသည်။

Leave a Reply