ဘဝအလှများဖန်တီးနိုင်ကြပါစေ

အလှဆိုသည်မှာ လူသားတိုင်းနှစ်သက်မြတ်နိုးကြသောအရာဖြစ်ပါသည်။မိမိကိုယ်ကိုလှပအောင်အလှပြင်ကြပါ သည်။မိမိပတ်ဝန်းကျင်လှပစေရန် ပန်းပင်များ၊သစ်ပင်များစိုက်ပျိုးကြပါသည်။တစ်ဦးနှင့်တစ်ဦးအလှဆင်ပုံခြင်း မတူညီကြပါပေ။အချို့ကား ရုပ်အလှဆင်ကြသကဲ့သို့အချို့ကားစိတ်အလှဆင်ကြပါသည်။ရုပ်အလှနှင့်စိတ်အ လှနှစ်မျိုးုလုံးဆင်ကြသူများလည်းရှိကြပါ၏။အလှနှစ်မျိုးလုံးဖန်တီးနိုင်သူများသည် ပျောရွှင်အောင်မြင်သူများ ဖြစ်ကြပါသည်။

မည်သည့်အလှပဲဆင်ဆင် အလှဟူသည် မြင်သူတိုင်း၊ခံစားသူတိုင်း၏ရင်ကိုအေးမြစေပါသည်။အလှတွင်ဆွဲအား ရှိသည်။လှပသောမိန်းကလေးတစ်ယောက်လမ်းလျှောက်လာသည်ကိုမြင်လျှင် အများစုကငေးကြည့်ကြသည်။ ထိုသို့ငေးကြည့်မိခြင်းသည် အလှ၏ဆွဲဆောင်မှုကြောင့်ပင်ဖြစ်ပါသည်။ထို့အတူပန်းလေးတစ်ပွင့်စွင့်စွင့်ငွားငွား ပွင့်နေသည်ကို မြင်မိသူတိုင်း “ပန်းလေးကလှလိုက်တာ …မွှေးလိုက်တာ ”ဟူသောချီးမွမ်းစကားများပြောလေ့ ရှိကြပါသည်။

အလှတွင်နှစ်မျိုးရှိပါသည်။ထိုအလှနှစ်မျိုးမှာရုပ်အလှနှင့်စိတ်အလှတို့ဖြစ်ပါသည်။ရုပ်အလှကိုပြင်ဆင်သူခြယ်သသူတွေများသလောက် စိတ်အလှကိုပြင်ဆင်ခြယ်သဖို့မေ့နေကြပါသည်။ဘဝ၏အလှစစ်သည်စိတ်အလှပင်ဖြစ် ပါသည်။ရုပ်အလှသည် ပျက်စီးယိုယွင်းသောသဘောရှိသည်။ပျက်စီးယိုယွင်းသောသဘောရှိသည့်ရုပ်အလှကို ပဲကျွန်မတို့က တမ်းတမက်မောစွာပြင်ဆင်နေကြပါသည်။ရုပ်အလှသည်ဘဝတွင်အလိုအပ်ဆုံးအလှမဟုတ်ပေ မယ့်လိုအပ်သောအလှတော့ဖြစ်ပါသည်။

အလှူတစ်ခုတွင် လှလှပပဝတ်ဆင်ထားသူနှင့် မလှမပဝတ်ဆင်ထားသူတွင်မည်သူ့ကိုပို၍ ဖိတ်ခေါ်ချင်ကြသည် ကိုကျွန်မတို့အားလုံးသိရှိနားလည်ပြီးဖြစ်ပါသည်။ရုပ်အလှသည် အသင့်အတင့်သာပြင်ဆင်သင့်ပါသည်။လွန်လွန်ကဲကဲပြင်ဆင်မိလျှင် ဒုက္ခနှင့်ကြုံတွေ့ရတတ်ပါသည်။ရုပ်အလှနောက်ကို အလွန်အမင်းလိုက်နေသူများအ ဖို့သူများတွေဝတ်နိုင်ဆင်နိုင်သလို ဝတ်နိုင်ဆင်နိုင်ခြင်း မပြုလုပ်နိုင်ပါက မိမိကိုယ်ကိုအလိုမကျခြင်းဟူသော စိတ်မကျေနပ်မှုဖြစ်စေနိုင်ပါသည်။

ထိုမှတစ်ဆင့် မနာလိုခြင်းအထိ ဖြစ်စေပါသည်။ထို့ကြောင့်ရုပ်အလှကို အတင့်အသင့်သာပြင်ဆင်သင့်ပါသည်။ ရုပ်အလှကိုအလွန်အမင်းပြင်ဆင်လိုစိတ်ပေါ်တိုင်း ခန္ဓာကိုယ်ကြီးသည်ရုပ်နှင့်နာမ်ဖွဲ့စည်းထားသောအစုအဖွဲ့ ကြီးပါလားဟူသော သံဝေဂတရားကိုလက်ကိုင်ထားကြရပါမည်။ရုပ်အလှကို အိုခြင်းဟူသောသဘောတရားက ဖျက်ဆီးနိုင်ပါ၏။အိုမင်းခြင်းသည် မည်သည့်အခါမျှ ရပ်တန့်သွားမည်မဟုတ်ပါ။

စိတ်အလှဟူသည် ရုပ်နှင့်နာမ်တွင် နာမ်၏အလှပင်ဖြစ်ပါသည်။ရုပ်နှင့်နာမ်သည် တစ်ခုအပေါ်တစ်ခုမှီခိုနေကြပါ သည်။စိတ်ပျော်လို့ရုပ်ပျော်ရပါသည်။ထို့ကြောင့်စိတ်ပျော်လို့ကိုယ်နုဟူသောစကားပုံလေးပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။သို့ပေမယ့် ဘဝ၏အလှသည် စိတ်၏အလှပင်ဖြစ်ပါသည်။စိတ်၏အလှဖြစ်သည့်နာမ်၏အလှပင် အဓိကဖြစ်ပါသည်။ဘဝ၏အလှများမှာ ရိုးသားမှု အလှ၊ကိုယ်ကျင့်တရားအလှ၊ပညာအလှ၊သဒ္ဓါအလှ၊ ဝီရိယအလှ၊ ပေါင်းသင်းဆက်ဆံမှုအလှ၊ ကိုယ်ချင်းစာနာမှုအလှ၊အနစ်နာခံမှုအလှ၊ တင်းတိမ်ရောင့်ရဲမှု အလှဟူ၍ဖြစ်ပါသည်။

ရိုးသားခြင်းဟူသည် အဖိုးမဖြတ်နိုင်သော တန်ခိုးရှိပါသည်။ရိုးသာမှုသည် ဘဝ၏အလှများထဲမှ အရေးကြီးဆုံးအ လှဖြစ်ပါသည်။ရိုးသားခြင်းတွင် အရှိန်အဝါများရှိပါသည်။ရိုးသားမှုရှိမှသာသစ္စာတရားများသည်လည်းအစွမ်း ထက်မည်ဖြစ်ပါသည်။ရိုးသားခြင်းသည် “နုံအ”ခြင်းမဟုတ်ပါ။ရိုးသားခြင်းသည်သူတော်ကောင်းများကျင့်သုံးသောတရား ဖြစ်ပါသည်။ထို့အတူရိုးသားခြင်းကိုလူလိမ်၊လူကောက်များ ကပင်နှစ်သက်ကြပါသည်။ အောင်မြင်တဲ့ဘ၀ ဟူသည် ရိုးသားခြင်းနှင့်သာအနားသတ်နိုင်ပါသည်။ ထို့ကြောင့်ရိုးသားခြင်း အလှကိုကျင့်သုံးမွေးမြူပြီး ဘဝ၏ အလှကိုဆင်မြန်းကြရမည်ဖြစ်ပါသည်။

ကိုယ်ကျင့်တရားဟူသောစကားသည် လူသားတစ်ဦးကိုသတ်မှတ်သော ချိန်ခွင်တစ်ခု ဖြစ်ပါသည်။ဘဝတစ်ခုလှ ပဖို့ကိုယ်ကျင့်တရားသည်လည်း ဒုတိယအလှအနေဖြင့်အရေးပါပါသည်။ရိုးသားခြင်းမရှိလျှင် ကိုယ်ကျင့်တရား သည်လည်း မကောင်းနိုင်ပါ။ကိုယ်ကျင့်တရားဟူသည် မိမိ၏ကိုယ်နှင့်နှုတ်ကိုထိန်းသိမ်းခြင်းဖြစ်ပါသည်။ ငါးပါးသီလကိုမြဲမြံခြင်းသည် ကိုယ်ကျင့်တရားကို စောင့်ရှောက်ခြင်းဖြစ်ပါသည်။ကိုယ်ကျင့်တရားအလှသည် လူသားတိုင်းကျင့်သုံးအပ်သော အာဟာရဆေးတစ် မျိုးဖြစ်ပါသည်။ကိုယ်ကျင့်သီလမကောင်းသူ၏အနီးတွင် အပုပ်နံ့ထွက်လေ့ရှိသည်။ကိုယ်ကျင့်သီလမကောင်းသူ သည်မည်မျှပင်ရုပ်အလှရှိစေကာမူ အပြစ်များကင်းစင်သူအလှပိုင်ရှင်ဖြစ်မည်မဟုတ်ပါ။လူတစ်ယောက်သည် မည်မျှပင်ရုပ်ဆိုးနေစေကာမူ ကိုယ်ကျင့်တရားကောင်းမွန်လျှင် ကျက်သရေပေါင်းနှင့်ခန့်ညားနေသူဖြစ်နေပါမည်။ လူတစ်ယောက်၏ ဂုဏ်သတင်းပျံ့မွှေးမှုကိုရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်စွမ်းရှိသည်မှာ ကိုယ်ကျင့်တရား ပင်ဖြစ်ပါသည်။ကိုယ်ကျင့်တရားအလှမရှိလျှင်တော့ ဘဝအလှများလည်း ပျက်သုဉ်းသွားမည်ဖြစ်ပါသည်။သို့ပါ သောကြောင့် ကိုယ်ကျင့်တရားအလှကို ထိန်းသိမ်းကာ ဘဝအလှများဆင်မြန်းကြရမည်ဖြစ်ပါသည်။

သဒ္ဓါအလှဟူသည် လူသားတိုင်းမွေးမြူသင့်သောတရားဖြစ်ပါသည်။သဒ္ဓါဟူသည်ကုသိုလ်ကောင်းမှုပြုလုပ်ရန် စိတ်ဝင်စားခြင်းကိုခေါ်ပါသည်။သဒ္ဓါတရားဟူသည်လက်နှင့်တူပါသည်။သဒ္ဓါရှိသောပုဂ္ဂိုလ်သည် လှူဖို့တန်းဖို့ အမြဲအဆင်သင့်ဖြစ်နေလေ့ရှိပါသည်။ကိုယ်ကျင့်တရားကောင်းမွန်သူများသည် သဒ္ဓါတရားထက်သန်ကြသကဲ့ သို့သဒ္ဓါတရားထက်သန်သူများသည်လည်းကိုယ်ကျင့်တရားအလှနှင့်ပြည့်စုံသူများဖြစ်ကြပါသည်။သဒ္ဓါဟူသည် တစ်နည်းအားဖြင့် ယုံကြည်မှုဖြစ်ပါသည်။ပညာနှင့်ယှဉ်သောယုံကြည်မှုမျိုးကိုသာ သဒ္ဓါဟုခေါ်ဆိုနိုင်ပါသည်။ယုံ ကြည်ခြင်းသည် သဒ္ဓါဖြစ်ပေမယ့် ပညာမဲ့သွားလျှင် လမ်းလွဲသွားနိုင်ပါသည်။အသိဉာဏ်မပါသောသဒ္ဓါသည် လည်းလမ်းလွဲကိုရောက်သွားနိုင်ပါသည်။စိတ်ကိုဖြူစင်စေသောအင်အားစုများထဲတွင် သဒ္ဓါသည်နံပါတ်တစ် ဖြစ်ပါသည်။ယုံကြည်ခြင်း၊ရဲရင့်ခြင်းများဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းသည် စစ်မှန်သောသဒ္ဓါအလှ ဖြစ်ပါသည်။သို့ပါသောကြောင့်စစ်မှန်သောယုံကြည်မှုများနှင့်ကုသိုလ်များပြုလုပ်ခြင်းဖြင့် သဒ္ဓါအလှကို ဆင်မြန်း ရမည်ဖြစ်ပါသည်။

ပညာအလှဆိုသည်မှာ အသိပညာနှင့်အတတ်ပညာတို့ပူးပေါင်း၍ ဘဝ၏အဖြေများကိုရှာခြင်းဖြစ်ပါသည်။ဘ၀ ၏အနိမ့်အမြင့်၊အတက်အကျ၊အကောင်းအဆိုးတို့ကိုဖြစ်ပေါ်စေခြင်းတွင် ပညာသည်အရေးကြီးသောကဏ္ဍတွင် ပါဝင်ပါသည်။ပညာဟူသည် မြတ်ရွှေအိုး၊ပညာရွှေအိုးလူမခိုးဟူသောစကားပုံများကိုကြားဖူးရုံမျှဖြင့်ပညာ၏တန် ဖိုးကိုနားလည်းသိရှိနိုင်ပါသည်။ပညာ၏အနက်သည် အမှား၊အမှန်၊အကောင်းအဆိုး၊အကြောင်းအကျိုးကိုဝေဖန် ပိုင်းခြားနိုင်စွမ်းရှိပါသည်။ကျွန်မတို့ဘဝများကိုထွန်းလင်းအောင်စွမ်းဆောင်နိုင်သည်မှာပညာ၏အလင်းရောင် သာဖြစ်ပါသည်။တန်ဖိုးကြီးသောပညာကို သေချာအသုံးချပြီးဘဝ၏ပုစ္ဆာများကိုအဖြေရှာကြရမည်ဖြစ်ပါသည်။ ပညာ၏အလှသည် ဘဝများကိုလှပစေပါသည်။ပညာဟူသည် ပညာရေးမှတ်တမ်းများဟုခေါ်နိုင်သည့်ဘွဲ့၊ အောင်လက်မှတ်များကိုဆိုလိုခြင်းမဟုတ်ပါ။ဘဝ၏စိန်ခေါ်မှုများကို အကျိုး၊အကြောင်းစဉ်းစားသုံးသပ်ပြီးဝေဖန် ပိုင်းခြားနိုင်စွမ်းရှိသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ထို့ကြောင့်ဘဝအလှများထဲက ပညာအလှများပြည့်စုံစေရန် ကြိုးစားကြရမည်ဖြစ်ပါသည်။

ဘဝ၏ပန်းတိုင်ကိုရောက်ဖို့လျှောက်လှမ်းရာတွင် ဝီရိယသည်လည်း မရှိမဖြစ်ဖြစ်ပါသည်။ဝီရိယကိုထားရှိပါမှ အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ပါသည်။သဒ္ဓါ၊သတိ၊ဝီရိယသုံးမျိုးနှင့်ပြည့်စုံပါက သမာဓိ၊ပညာများပါပြည့် စုံလာနိုင်ပါသည်။ဝီရိယဟူသည် မလျော့သောဇွဲစိတ်ဖြစ်ပါသည်။ကျွန်မတို့ငယ်စဉ်ကသင်ကြားခဲ့ရသော သင်ခန်းစာထဲက မပုကြွယ်နှင့်ခရုငယ်ဆိုသည်မှာ ဘဝတွင် ဇွဲ၊ဝီရိယများရှိဖို့လိုကြောင်းသိရှိဖို့သင်ကြားခဲ့ ရခြင်းဖြစ်ပါသည်။ဝီရိယဟူသည် လွန်ကဲစွာလည်းမထားသင့်ပါ။ဝီရိယမရှိသူများသည် လောကကြီးအတွက် လူပိုများသာဖြစ်ပါသည်။ထိုသို့လူပိုများမဖြစ်စေရန် ကြိုးစားအားထုတ်မှုများဖြင့် ဝီရိယအလှကို ဆင်မြန်းရမည်ဖြစ်ပါသည်။

ပေါင်းသင်းဆက်ဆံခြင်းဟူသည် လူ့လောကအတွက် လိုအပ်သောအရာဖြစ်ပါသည်။လူဟူသည်တစ်ဦး၊တစ် ယောက်ထဲနေထိုင်၍မရပါ။အဖွဲ့အစည်းများ၊အပေါင်းအသင်းများနှင့်စုပေါင်းနေထိုင်မှသာ ပျော်ရွှင်မှုရရှိနိုင်မည် ဖြစ်ပါသည်။ပေါင်းသင်းဆက်ဆံမှုဟူသည် လူ့အဖွဲ့အစည်းတွင်အရေးကြီးသောကဏ္ဍတွင်ပါဝင်ပါသည်။ပေါင်း သင်းဆက်ဆံရေးတွင်အပြောအဆိုသည်အရေးကြီးပါသည်။မိမိပြောလိုက်သောစကားတစ်ခွန်းသည်သူတစ်ပါး အားထိခိုက်နစ်နာသွားမည်ဆိုလျှင် မိမိသည်ပေါင်းသင်းဆက်ဆံမှုညံ့ဖျင်းသူဖြစ်သွားပါသည်။ပေါင်းသင်းဆက် ဆံရေးအဆင်ပြေစေဖို့ စကားကိုတိုတိုနှင့်လိုရင်းကို ချိုချိုသာသာပြောဆိုကြရပါမည်။မိမိပြောလိုသောဖြစ်လို သောဆန္ဒများကို အများကိုနားလည်နိုင်စွမ်းရှိအောင်စွမ်းဆောင်ရာတွင် တိုတိုနှင့်လိုရင်းကိုချိုချိုသာသာပြောဆို ခြင်းဖြင့်အောင်မြင်နိုင်ပါသည်။ပေါင်းသင်းဆက်ဆံရာတွင်ပေါင်းသင့်သောသူနှင့်မပေါင်းသင့်သောသူကိုလည်းခွဲ ခြားနိုင်ရမည်ဖြစ်ပါသည်။မပေါင်းသင့်သောသူများကို မပေါင်းသင်းခြင်းသည်လည်းမင်္ဂလာတစ်ပါးဖြစ်ပါသည်။ မပေါင်းသင့်သည့်သူများကို မဖြစ်မနေပေါင်းသင်းရမည်ဆိုလျှင် ကိုယ်ပေါင်းစိတ်ခွာနည်းဖြင့်ပေါင်းသင်းကြရပါ မည်။မိတ်ဆွေကောင်းများရရှိစေရန် မိမိကိုယ်တိုင်သည်လည်း မိတ်ဆွေကောင်းဖြစ်နိုင်ရန်ကြိုး စားဖို့လည်းလိုအပ်ပါသည်။မိတ်ဆွေကောင်းပီသစေရန် မိမိ၏မိတ်ဆွေများကိုမှားနေလျှင်ထောက်ပြပြီးလမ်းမှန် ကိုပို့ဆောင်ပေးကြရပါမည်။မှန်နေလျှင်လည်း ထောက်ခံပေးရပါမည်။မိမိ၏မိတ်ဆွေလုပ်သမျှအကောင်းချည်းပဲ မှတ်ယူနေသူများသည် မိတ်ဆွေစစ်မဖြစ်နိုင်ပါ။မိတ်ဆွေတုများသာဖြစ်ပါပေသည်။ပေါင်းသင်းဆက်ဆံရေးညံ့ ဖျင်းသူများသည် တစ်ကိုယ်တည်းအထီးကျန်နေမည်ဖြစ်ပါသည်။ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းသည် ဘဝကိုစိုပြေစေသည်။အရွယ်များကိုနုပျိုစေပါသည်။ထို့ကြောင့်မိတ်ဆွေစစ်များရ ရှိစေရန် ပေါင်းသင်းဆက်ဆံရေးအလှကို ပုံဖော်ခြယ်သရမည်ဖြစ်ပါသည်။

ကိုယ်ချင်းစာနာမှုဟူသည် ကျင့်သုံးအပ်သောတရားဖြစ်ပါသည်။နေရာတိုင်းတွင် ကိုယ်ချင်းစာနာမှုရှိနေမှသာ လူအများ၏ချစ်ခင်မှုကိုရရှိနိုင်မည်ဖြစ်ပါသည်။ကိုယ်ချင်းစာနာမှုနှင့်ပြည့်စုံသူများသည်လူအများ၏အထင်ကြီး ခြင်းကိုခံကြရပါသည်။ကိုယ်ချင်းစာနာမှုသည် မြင့်မြတ်သူတို့လက်ကိုင်ထားသောတရားလည်းဖြစ်ပါသည်။ ကိုယ်ချင်းစာမှုဆိုသည်မှာ ကိုယ်အခက်တွေ့မှ သြော်သည်လိုကိုးဟုခံစားခြင်းမျိုးမဟုတ်ပါ။သူ့နေရာတွင် မိမိသာဆိုလျှင်ဟူသော ခံစားပေးသောကြင်နာမှုမျိုးဖြစ်ပါသည်။ကိုယ်ချင်းစာနာမှုရှိသူများသည် အကျိုးပေး သောအားဖြင့် အရာရာတွင်အောင်မြင်နိုင်ပါသည်။ဘဝသည်တိုတောင်းလွန်းလှပါသည်။ထို့ကြောင့်ရခဲလှ သောဘဝတွင် လူသားအချင်းချင်းကိုယ်ချင်းစာနာမှုအလှများ မွေးမြူရမည်ဖြစ်ပါသည်။

အနစ်နာခံခြင်းသည် လူသားတိုင်းမကျင့်သုံးနိုင်ပါ။လောကကြီးတွင် အနစ်နာခံခြင်းထက် အသာစံခြင်းကိုပဲ အာရုံစိုက်ကျင့်သုံးနေကြပါသည်။အနစ်နာခံခြင်းသည် မြင့်မြတ်သူတို့ကျင့်သုံးသော နှလုံးအလှ၊ဘဝအလှပင် ဖြစ်ပါသည်။အနစ်နာခံခြင်းသည် လောကအလယ်တွင်နိမ့်ကျသည်ဟု ထင်မြင်ရပေမယ့် သံသရာအတွက်တော့ အောင်မြင်ခြင်းကိုပေးစွမ်းနိုင်ပါသည်။အသာစံခြင်းသာရရှိဖို့ကြိုးစားနေသူများသည် လူမိုက်များဖြစ်ကြပါသည်။ အသာစံခြင်းသာရရှိနေဖို့ကြိုးစားနေသူများအဖို့ရန်သူများပေါများနေမည်ဖြစ်ပါသည်။လက်တွေ့ဘဝများတွင် အနစ်နာခံခြင်းထက် အသာစံရခြင်းမှာသာပျော်မွေ့နေကြပါသည်။အနစ်နာခံရသူများသည် လူအများ၏နှလုံး သားများကိုလှုပ်ခါနိုင်စွမ်းရှိပါသည်။ထို့ကြောင့်အနစ်နာခံခြင်းကို တတ်နိုင်သလောက်ကြိုးစားကြရပါမည်။အမှု ကိစ္စကြီးကြီး၊ငယ်ငယ်မိမိဘက်က တတ်နိုင်သမျှပေးဆပ်နိုင်အောင်ကြိုးစားကြရပါမည်။အနစ်နာခံမှုအလှဖြင့် ဘဝအလှများကို ပုံဖော်ထုဆစ်ရမည်ဖြစ်ပါသည်။

ရောင့်ရဲခြင်းဟူသည် ကြီးပွားချမ်းသာနေသူတို့ကျင့်သုံးနေသာ တရားဖြစ်ပါသည်။ရောင့်ရဲခြင်းသည်လိုချင်တပ် မက်မှုများကို တားဆီးနိုင်သောစိတ်ကိုဆိုလိုခြင်းဖြစ်ပါသည်။လောဘကြီးတတ်သူအတွက်ရောင့်ရဲခြင်းကိုကျင့် သုံးဖို့အထူးလိုအပ်ပါသည်။ရည်မှန်းထားသောပန်းတိုင်များ၊လိုချင်သည့်အရာများရောက်ဖို့ရောင့်ရဲခြင်းသည် အထူးလိုအပ်ပါသည်။ရောင့်ရဲခြင်းကိုအများစုက ငွေရေးကြေးရေးကိုသာပြေးမြင်နေကြပါသည်။ရောင့်ရဲခြင်း သည် စိတ်ချမ်းသာမှုများကိုပေးစွမ်းနိုင်ပါသည်။ရောင့်ရဲနိုင်ခြင်းမရှိပါက ပူလောင်မှုများသာရရှိနေ မည်ဖြစ်ပါသည်။ လောကကြီးတွင် တစ်ခါတစ်ရံ မိမိကြိုးစားသလောက်မရနိုင်ဘဲ ကံပေးသလောက်သာ ရရှိနိုင်သောအရာများရှိပါသည်။ထိုအခြေအနေများတွင်ရောင့်ရဲခြင်းကို မကျင့်သုံးပါက ပူလောင်နေမည် ဖြစ်ပါသည်။သို့ပါသောကြောင့် ရောင့်ရဲခြင်းဟူသောအလှကို ကျင့်သုံးပြီး ဘဝအလှများကိုဆင်မြန်းရမည်ဖြစ်ပါသည်။ အထက်ဖော်ပြပါအလှ(၉)မျိုးကိုကျင့်သုံးပါမှ ဘဝ၏အလှ၊စိတ်၏အလှများနှင့်ပြီးပြည့်စုံမည်ဖြစ်ပါသည်။ထိုအလှ ၉မျိုးနှင့်ပြည့်စုံလျှင် သင်၏အလှကိုမည်သူမှ လိုက်မီနိုင်မည်မဟုတ်တော့ပါ။

မုဒိတာ (တောင်သာ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.