ထားဝယ် ဧပြီ

ထားဝယ်ခရိုင်ရေဖြူမြို့နယ်ဘဝါကမ်းခြေရွာ ပြီးခဲ့သည့် မတ်လအစောပိုင်းက ဖြစ်ပွားခဲ့သော ဆင်တုပ်ကွေးရောဂါမှာ ယခုအချိန်တွင် ထားဝယ်ဒေသသို့ ပျံ့နှံ့လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ ဧပြီ ၂၃ တွင် သိရသည်။

သို့ဖြစ်၍ ခြင်နှိမ်နင်းရေး လုပ်ဆောင်ကြရန် မြို့နယ်အဆင့် ဌာများသို့ အကြောင်းကြားထားကြောင်း အထက်ပါဌာန၊ တိုင်းရုံး၊ ရ.ပ. က.န အဖွဲ့ (ပိုးမွှားများမှတဆင့် ကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နင်းရေးအဖွဲ့ )တာဝန်ခံ ဒေါက်တာနန္ဒဝင်းက ပြောသည်။

“ထားဝယ်မြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ ရပ်ကွက်စာရင်းပို့ လိုက်ပြီး ဒီနေ့စလိမ့်မယ်၊ ဖြစ်တဲ့ရပ်ကွက်တွေဆီသွားပြီး သွေးလွန်တုပ်ကွေးလိုပဲ ခြင် ကာကွယ်နိမ်နင်းရေးလုပ်လိမ့် မယ်”ဟု  ဒေါက်တာနန္ဒာဝင်း က   ဧပြီ၂၃ရက်တွင် ပြောဆိုသည်။

ထားဝယ်မြို့တွင် ကျောက်မော်၊ ညောင်ရမ်းတောင်၊ကြက် စားပြင်၊မြောင်းပုလဲ၊ကျွန်းမွှေးရပ်ကွက်၊လောင်းလုံးမြို့နယ်၊အောက်ရေဖြူကျေးရွာ၊ရေဖြူမြို့နယ်၊ဘဝါကမ်းခြေ အပါအဝင် နဘုလယ်ဒေသနှင့် သရက်ချောင်းမြို့နယ်တို့ တွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

ဆင်တုပ်ကွေးရောဂါလက္ခဏာမှာအဆစ်ကိုက်ခြင်း၊အဖျားကြီးခြင်း၊အရေပြားတွင် အနီပြင်ထခြင်းတို့ဖြစ်ပွားပြီး ပြန် လည်ကျန်းမာလာချိန်ထိအဆစ်များကိုက်ခဲလေ့ရှိသည်။

ကျန်းမာရေးဝန်ထမ်းများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ရပ်ရွာအတွင်း ကွင်းဆင်း၍ အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်လုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကိုြပု လုပ်သွားမည်ဟု သိရသည်။

ဘဝါကမ်းခြေရွာနေ ၁၃နှစ် အရွယ် ကလေးတစ်ဦးတွင် ဆင်တုပ်ကွေးရောဂါရှိသည်ဟု အမျိုးသားဓါတ်ခွဲခန်း မတ်လ ၇ရက် စစ်ဆေးချက်အရ အတည်ပြုထားသည်။ ၂၀၀၉- ၂၀၁၀ခုနှစ်က ကော့သောင်းမြို့တွင် ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးပြီး ၂၀၀၆ တွင် ဧရာဝတီတိုင်း၌လည်း ဖြစ်ပွားခဲ့ဖူးသည်။

တင့်လွင်

Leave a Reply