A worker spraying pigs in Kabanjahe, Karo, North Sumatra, on Nov 12, 2019. African swine fever has killed more than 43,000 pigs in Indonesia's North Sumatra provincePHOTO: AFP

ဂျာကာတာ

အင်ဒိုနီးရှားအာဏာပိုင်များ ဘာလီကျွန်းတွင် ၀က်ကောင်ရေ ၈၈၀ ခန့်သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း စိုက်ပျိုးရေး၀န်ကြီးဌာနမှ မွေးမြူရေးနှင့်ကုသရေးညွှန်ကြားရေးမှု ဖေဖော်ဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။

ဝက်များသည် ဒီဇင်ဘာမှ ဇန်နဝါရီလအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ အာဖရိက​ဝက်အပြင်ဖျားရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမားတြားပြည်နယ်တွင် ဝက်ကောင်ရေ ၄၃၀၀၀ ကျော်သေဆုံးခဲ့ပြီး ဘာလီက ဖြစ်ပွားမှုကို အတည်မပြုနိုင်သေးကြောင်းဆိုသည်။

“ ဝက်တွေ သေဆုံးတာကို ရပ်တန့်ဖို့ ကျနော်တို့လုပ်ဆောင်နေပါတယ်။ တိရိစ္ဆာန်ကူးစက်ရောဂါတွေဖြစ်တဲ့ အာဖရိက​ဝက်အပြင်ဖျား နဲ့ ကာလဝမ်းရောဂါတို့အတွက် စံချိန်စံညွှန်းတွေနဲ့အညီလုပ်ဆောင်နေတာဖြစ်တယ်။ ဒီဖြစ်ရပ်က အာဖရိက​ဝက်အပြင်ဖျား ဟုတ်၊မဟုတ် ဆိုတာကိုဆုံးဖြတ်နေတယ်” ဟု မွေးမြူရေးနှင့်ကုသရေးညွှန်ကြားရေးမှု မစ္စတာဖက်ဂျာ ပြောသည်။

အာဖရိက​ဝက်အပြင်ဖျားရောဂါသည် ပြီးခဲ့သည့်နှစ်သြဂုတ်လတွင် ပထမဆုံးအကြိမ်တွေ့ရှိပြီးနောက် တရုတ်နိုင်ငံတစ်ဝှမ်းသို့ပျံ့နှံ့ခဲ့သည်။ အဆိုပါရောဂါကြောင့်ကမ္ဘာ့ဝက်ကောင်ရေ ထက်ဝက် ၄၀ ရာခိုင်နှုန်းကျော်လျော့ကျခဲ့သည်။

ဒီဇင်ဘာလတွင်တရုတ်သည် အာဖရိက​ဝက်အပြင်ဖျားကြောင့် အင်ဒိုနီးရှားမှ ဝက်၊ တောဝက်နှင့်ဆက်စပ်ပစ္စည်းများတင်သွင်းမှုကိုတားမြစ်ခဲ့သည်။

Leave a Reply