Advertisements

အင်ဒိုနီးရှား ဘာလီဗုံးဖောက်ခွဲမှုတွင် ဦးဆောင်ခဲ့သည့် ဘာသာရေး အစွန်းရောက် ခေါင်းဆောင် Abu Bakar Bashir ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် ကိစ္စ ပြန်လည် စစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ တတိယပတ်အစတွင် သိရသည်။

အင်ဒိုနီးရှားအစိုးရအနေဖြင့် ထိုကိစ္စနှင့် စပ်လျဉ်း၍ ပြင်းထန်သော ဝေဖန်မှုများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။ အင်ဒိုနီးရှား သမ္မတ Joko Widodo က ၎င်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ပြောကြားခဲ့ရာ ပြင်းထန်စွာ ဝေဖန်မှုများနှင့် တွေ့ကြုံနေရသည်။

Abu Bakar Bashir မှာ စစ်သွေးကြွတစ်ဦးဖြစ်ကာ လွန်ခဲ့သော ၂၀၀၂ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘာလီဗုံးဖောက်ခွဲမှုတွင် နောက်ကွယ်မှ ပါဝင်သူတစ်ဦးဖြစ်ကြောင်း လူသိများခဲ့သည်။

Advertisements
data-language="en"

၎င်းဘာလီဗုံးပေါက်ကွဲမှုတွင် လူ ၂၀၀ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာမှ လာရောက်လည်ပတ်သော ခရီးသွားများ အများဆုံးပါဝင်သည်။

လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကြောင့် Abu Bakar Bashir၏ လမ်းစဉ်ကိုလိုက်ကာ အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ကြမည့်နောက်ဆက်တွဲများ ပေါ်ပေါက်လာနိုင်ခြေရှိကြောင်း ဝေဖန်ပြောဆိုမှုများလည်း မြင့်တက်ခဲ့သည်။

အင်ဒိုနီးရှားအစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာပေးမည့် ကိစ္စအပေါ် ပြည်သူများ သဘောဆန္ဒအရ ပြန်လည်စိစစ်လျက်ရှိကြောင်း သိရသည်။

Channel News Asia

Leave a Reply