MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်သူတွေထဲက အရည်အချင်းရှိပြီး အချိန်တိုအတွင်း ပရိသတ်တွေ အားပေးမှုများစွာ လက်ခံရရှိခဲ့တဲ့ ခေးဆက်သွင်က လက်ရှိ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို အခုလိုပြောကြားခဲ့ပါတယ်။

 “ခေးလက်ရှိမှာ “ဥယျာဉ်မှူးဖြစ်ဖူးချင်တယ်”ဆိုတဲ့ ဇာတ်ကားကိုရိုက်နေတယ်။ ဇာတ် ကောင်စရိုက် ကတော့ခေတ်ဆန် တဲ့ခေတ် လူငယ်တစ်ယောက်ပုံစံမျိုးပါ။ Bar သွား၊ Club သွားရင်းအ ကြောင်းတစ်ခုခု ကြောင့်ဘားအံဘက် ရွာလေးကိုရောက်သွားပြီး ပညာမတတ်တဲ့သူတွေရဲ့ ဘ၀ တွေ၊ တခြားနိုင်ငံမှာအလုပ်လုပ် ပြီးဒုက္ခရောက်လာသူတွေ၊ ပညာမ တတ်ဘဲ ဆိုးဆိုးရွားရွားတွေ့ကြုံရ တဲ့အကြောင်းတွေ ကိုရိုက်ပြထား တဲ့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားပါတယ်။ ခေးနေ့ရော ညရော ပင်ပင်ပန်းပန်း ရိုက်ကူးနေပါတယ်။ ဇွန်လမှာ ဒီဇာတ်ကားအဆုံးသတ် ပြီးတာနဲ့ ဇူလိုင်လမှာဇာတ်ကား ဟောင်း“အရိပ်”ကိုဇာတ်လမ်းတွဲအ နေနဲ့ပြန်ရိုက်ဖို့ရှိပါတယ်”လို့ပြောခဲ့ ပါတယ်။

ဆက်လက်ပြီးသူမရိုက်ကူးဖြစ်နေတဲ့ ဇာတ်လမ်းတွဲတွေ အကြောင်းကိုတော့ “ခေး နှစ်နှစ် လောက် On Air ကနေပရိသတ် ဆီမရောက်ဖြစ်ခဲ့တာမို့လို့ အခုရိုက် ထားတဲ့ဇာတ်လမ်းတွဲကနေတစ်ဆင့်ပရိ သတ်ရှေ့ပြန်ရောက်လာပါပြီ။ ဆက်တိုက်ကြိုးစားနေတာမို့လို့ ခေးကို အားပေးကြပါလို့ပြော ချင်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲ တွေမှာ ဟာသပိုင်းတွေကိုပိုင်နိုင် စွာသရုပ်ဆောင်တတ် တဲ့သရုပ် ဆောင် ခေးဆက်သွင်ဟာ အခုဆိုရင်မကြာမီလွှင့်မယ့် “ဆုံဆည်းခြင်းမိုးတိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာပါဝင်သရုပ် ဆောင်ထားတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးယခုလို မေးမြန်းခဲ့ပါတယ်။

“ခေးဒီဇာတ်လမ်းတွဲမှာခေတ်နှစ်ခေတ်သရုပ် ဆောင်ထားပါတယ်။ ပုဂံခေတ်နဲ့ အခုခေတ်ပါ။ အခုခေတ်ကများပါတယ်။ ဒီဘက်ခေတ်မှာအရမ်းကို ထက်မြက်တဲ့ဆရာဝန်မ။ ဒါပေမဲ့ အချစ်ကြောင့် ရှုံးနိမ့်နေတဲ့သနား စရာကောင်းတဲ့မိန်းမတစ်ယောက် ပေါ့။ အရင်က ခေးကဟာသ ကို အားသာပြီးရိုက်ခဲ့တာပါ။ အခု ဆိုရင် Heavy Drama လည်းဖြစ်ပြီး ငိုရတဲ့အခန်း လည်းများတာမို့လို့ အခက်အခဲ အများကြီးမဟုတ် ပေမဲ့ရှိတော့ ရှိပါတယ်။ ဒီဇာတ်လမ်းတွဲမတိုင် ခင်မှာ Drama ဇာတ်ကားတွေ ကြည့်တယ်။ ဒရာ မာမင်းသမီးကြီး တွေရဲ့ သရုပ်ဆောင်ပုံ၊ ပညာတတ်ဆရာဝန်မ တစ်ယောက် ရဲ့နေပုံထိုင်ပုံတွေကို သေချာလေ့ လာပြီးလေ့ကျင့်မှုတွေ နဲ့ကြိုတင် ပြင်ဆင်ခဲ့ပါတယ်။ တကယ်တမ်း ရိုက်တော့အဆင်ပြေသွားပါ တယ်”လို့ဆိုပါတယ်။

အဆိုပါ ဇာတ်ကားနဲ့ပတ် သက်ပြီး ပရိသတ်ကိုပြောချင် တာက “ဒီဇာတ်လမ်းတွဲက ပညာပေးဆိုတာထက် ခံစားချက် ပေးတာပါ။ ကြည့်ပြီးရင်တစ်ခုခု ကိုခံစားရမှာပါ။ လူတွေရဲ့ အမုန်း တွေ၊ အာဃာတတွေ၊ နောက် သံသရာ ဆိုတာပြန်လည်လာမှာ ဆိုတဲ့ အကြောင်းအရာကိုပြောချင် တာမို့လို့ပရိသတ်ကြိုက်မယ်လို့ ခေးထင်ပါတယ်။ ခေးတို့ဒီဇာတ် လမ်းတွဲမရိုက်ခင် လိုအပ်တာအား လုံး၊ အနေအထိုင်အပြောအဆို၊ အပြင်အဆင်၊ ဥပမာပြောရရင် မင်းသားက ခမာလူမျိုးမို့လို့ ခမာစ ကားသင်ရတယ်။ အခုခေတ်နဲ့မတူ တဲ့စကားပြောပုံ၊ ရေကူး၊ ကား¬¬¬¬ မောင်းစတဲ့လိုအပ်တာမှန်သမျှကို သင်ပြီးမှတစ်နှစ်နီးပါးအားလုံးကြိုး စားထားတဲ့ဇာတ်ကားပါ” လို့ ပရိသတ်ကိုပြောကြားခဲ့ပါတယ်။

Written by –   မိုးရှင်း

Photo credit – Khay Sett Thwin Facebook

Leave a Reply