Advertisements

ဘားအံ၊ အောက်တိုဘာ ၁၁ ရက်။

ကရင်ပြည်နယ်၊ ဘားအံ၌ အောက်တိုဘာ ၁၀ ရက်၊ ညနေ(၄)နာရီကျော်က မိုးသည်းထန်စွာရွာသွန်းပြီး လေ ပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့၊ အ.ထ.က(၁)ရှိ မြရွှေဝါနှစ်ထပ်ကျောင်းဆောင်မှာ အမိုးတစ်ခြမ်းပျက်စီးခဲ့ သည့်အပြင် ရွှေယဉ်မျော်ဘုရားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင် ကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

“နောက်ဘက်ခြမ်းက အများကြီးသွပ်မိုးတွေကွာသွားတယ်။ ရှေ့ဘက်ခြမ်းကတော့ သုံးပုံတစ်ပုံလောက်ပဲ။ အပေါ်မှာ စာသင်ခုံတွေလောက်ပဲထားတာပါ။ ကျောင်းဟောင်းလေ၊ ပြင်ဆင်မိန့်တောင် ကျထားပြီးပြီ။ တခြား အဆောင်တွေတော့ ဘာမှမထိခိုက်ခဲ့ပါဘူး။”ဟု ကျောင်းအကျိုးတော်ဆောင် ဦးအောင်မိုး(ဇွဲဓာတ်ပုံ)က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ မြို့ပေါ်လမ်းများတွင် ယာဉ်များသွားလာရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး အ.ထ.က(၁)ရှိ မူလတန်းအဆောင်ဟောင်းတစ်ခုဖြစ်သည့် မြရွှေဝါနှစ်ထပ်ကျောင်းဆောင်ရှေ့ခြမ်း အမိုးနှင့် နောက်ဘက်ခြမ်းရှိသွပ်များလန်ကာ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လေတော်တော်ကြမ်းကြမ်းတိုက်သွားတာ။ ညဖက်ကို ဆက်တိုက်လာမလားလို့ စိုးရိမ်ခဲ့ရပေမယ့် ဘာမှမဖြစ် သွားလို့ တော်သေးတယ်လို့ပြောရမယ်။ လျှပ်စစ်မီးကိုလည်း ပြည်နယ်လျှပ်စစ်ကနေ လာပြင်ပေးလို့ ညဖက် တွေမီးပြန်ရခဲ့လို့ ကျေးဇူးတင်တယ်။”ဟု ဘားအံမြို့မှ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ဘားအံမြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရွှေယဉ်မျော်ဘုရားအနီးရှိ ဓာတ်တိုင်ကျိုးကျကာ လျှပ် စစ်မီးများပြတ်တောက်ခဲ့သော်လည်း လျှပ်စစ်ဌာနဝန်ထမ်းများ ချက်ချင်းပြင်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ညဘက်တွင် မီးများပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply