Advertisements

သံဖြူဇရပ်၊ မေ ၂၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ မှ ဘိန်းစာရွက်များလက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိသူ ထံမှ ငွေကြေးတောင်းခံ ရဲတပ်ကြပ်တစ်ဦး ကို အစိုးရတာဝန်သူများထံ တိုင်ကြားထား ကြောင်း အဆိုပါ ဖမ်းဆီးခံရသူ ၏ မိသားစုဝင်များ ထံမှသိရှိရသည်။

သံဖြူ ဇရပ်မြို့ ဝယ်သွန်ချောင်ကျေးရွာ တွင်နေထိုင်သော ဟိန်းမင်းလတ် ထံမှ ကထုံရွက် (ခ) ဘိန်းစားရွက် များကို မေလ ၁၉ ရက်နေ့ က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သံဖြူဇရပ်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ် ကျော်ဇင်ဦးက ငွေကျပ် (၁၀) သိန်းတောင်းယူခဲ့ကြောင်း တရားခံ၏မိခင်ဖြစ်သူ ဒေါ်ညွှန်ရီက ပြောသည်။

“သူတို့အိမ်မှာ လာမွှေတာပေါ့၊ သားကသောက်နေတွေ့တော့ သူအရွက်ရသွားတော့ သားကို ဖမ်းသွားပြီးတဲ့နောက်မှာ ရွာက ရပ်မိရပ်ဖလာတယ်။ သူပိုက်ဆံ (၁၀) သိန်း တောင်းတယ်။ ကျွန်မတို့မှာ မရှိတော့ ညှိပေါ့လို့ (ရပ်မိရပ်ဖ)သူတို့ပြောတယ်။ အဲဒီလိုနဲ့ (၇) သိန်းတောင်းတယ်။ အဲဒါလည်း မနိုင်ဘူး၊ အဲဒါဆို (၆) သိန်းတဲ့၊(၆) သိန်းလဲ မနိုင်တော့ (၅) သိန်းတဲ့၊ အဲဒါနဲ့ မနက်ရောက်တော့ ရွာအုပ်ချုပ်ရေးမှူးရုံး မှာ ချိန်းတယ်။ (ရပ်မိရပ်ဖ)သူတို့ရောက်လာတော့ (၅) သိန်းမရဘူး၊ တပ်ကြပ်ကို ကတိတည်ထားတာ မျက်နှာပျက်မယ်တဲ့ (၆) သိန်းမှရမယ်ဆိုပြီးတော့ ခရစ်ယာန်ဘုရားကျောင်းအနားကို ခေါ်သွားတယ်။ အဲဒီဘုရားကျောင်းဘေးက လမ်းမှာပဲ ပိုက်ဆံ (၆)သိန်း ပေးခဲ့တယ် ”ဟု ဒေါ်ညွှန်ရီက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဦးအောင်ကြည်နှင့် ဦးကြည်ဝင်းတို့က ထိုငွေကို မပေးလျှင် ရဲတပ်ကြပ် ကျော်ဇင်ဦးနှင့် မျက်နှာပျက်ရမည်ဟု ပြောသောကြောင့် ဒေါ်ညွှန့်ရီ အတိုးငွေချေးငှားကာ ဝယ်သွန်ချောင်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းအနီးတွင် ငွေကျပ် (၆) သိန်းတိတိကို ရဲတပ်ကြပ် ကျော်ဇင်ဦး လက်ထဲကို ထည့်ပေးခဲ့ကြောင်း ဒေါ်ညွှန့်ရီက ထပ်လောင်း ပြောကြားသည်။

ဝယ်သွန်ချောင် ရာမှူး တချို့က မှု ဝင်ရောက်ဖမ်းဆီးချိန်တွင် ပါဝင်မှုမရှိဘဲ ရဲတပ်ကြပ်ကျော်ဇင်ဦးက ဖုန်း ခေါ်မှသာ ရောက်ရှိ သွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။

အဖမ်းခံရသူ ဟိန်းမင်းလတ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်တွင် မိခင်ဖြစ်သူ ဒေါ်ညွှန့်ရီက အကူအညီတောင်းချင်သည့်အတွက် ဖုန်းဆက်ပြီး အချင်းချင်းညှိနှိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဝယ်သွန်ချောင် ရွာက ယာအိမ်မှူး ဦးအောင်ကြည်က ဆိုသည်။

“မေလ (၂၀)ရက် နောက်တစ်နေ့ (၁၀) နာရီလောက်ပဲ ထင်တယ်။ အဲဒီအချိန် ရဲက ကျွန်တော်ကို ဖုန်းပြန်ဆက်တယ်။ ဘုရားကျောင်းရှေ့မှာ သူရောက်နေပြီးပေါ့၊ အဲဒီတော့ ကျွန်တော်နဲ့ ဦးကြည်ဝင်းက မောင်ဟိန်းမင်းလတ်တို့အမေကို တင်သွားတယ်။ ဟိုရောက်တော့ ကျွန်တော်နဲ့ ဦးကြည်ဝင်းက တစ်ဖက်လမ်းမှာ ရှိ တယ်။ သူတို့တွေက ပြောဆိုညှိနေကြတယ်။ သူတို့ပေးတာကို ကျွန်တော်မတွေ့ဘူး။ နောက်တော့ ထွက်လာတော့မှ ကျွန်တော်ဆိုင်ကယ်ပေါ်တက်တော့ (၆) သိန်းလောက်ကုန်တယ်တဲ့”ဟု ဦးအောင်ကြည်က ပြောသည်။

အဖမ်းခံရသူ ၏ အကိုဝမ်း ဖြစ်သူ နိုင်တင်မောင်ဦးက ယင်းကဲ့သို့ ငွေခြောက်သိန်း တောင်းယူ သော ဖြစ်စဉ်မှာ အဂိတိလိုက်စားမှုမြောက်ကြောင်း သိရှိရသဖြင့် မကျေနပ်ဘဲ တိုင်ကြားစာများ ပေးပို့လိုက် ကြောင်း နိုင်တင်မောင်ဦး က ရှင်းပြသည်။

“ဒီကိစ္စက ကျွန်တော်မတိုင်လိုက်လို့ရှိရင် သူတို့ထပ်ခါထပ်ခါ လာညှစ်နေမယ်။ အရှေ့မှာလည်း ထိုနည်းတူစွာပဲ သူတို့ လုပ်လာတာ သုံးလေးကြိမ်ရှိနေပြီး၊ ဒါကြောင့် ဆွေမျိုးတွေအားလုံးနဲ့ တိုင်ပင်ပြီးတော့ တိုင်ကြားလိုက်တယ်”ဟု နိုင်တင်မောင်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာအတွင်းရှိ ပြည်သူများက လုံဝလက်ခံနိုင်ခြင်း မရှိသောကြောင့် ကျေးရွာ ပြည်သူများ ကိုယ်စား အဆိုပါငွေတောင်းခံသည့်ကိစ္စကို အရေးယူပေးနိုင်စေရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံတော်သမ္မရုံး၊ ပြည်ထောင်စု အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော် မရှင်အဖွဲ့ ရုံးနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ကို တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသော မောင်ဟိန်းမင်းလတ်က တရားရုံးတင်ရန်အတွက် ဥပဒေပုဒ်မ ၁၆ (ဂ) ၊ ၂၀ (က) အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Advertisements
<

Leave a Reply