ခပ်ပြင်းပြင်းစီးနေသောရေပြင်ကိုကျော်၍ ကြည့်လိုက်သည်နှင့် နေအိမ် များ ၊ဒီရေ တောအုပ်များ၊ ထို့ထက်မှ တောင်တန်း များကား ထီးထီး ပေါ်နေသည်။ ဘီလူးကျွန်း ၏ အလှအပ များ က ဖိတ်ခေါ်နေ လေသည်။ ထိုပတ်ဝန်း အလှအပများအပြင် ဘီလူးကျွန်းသည် ဖွံ့ဖြိုး မှုကိုလည်း ဖိတ်ခေါ်နေလေပြီ။

လွန်ခဲ့သည့် နှစ်ပေါင်းများ စွာကတည်းက ထီးထီးရှိသော သော ဤ ကျွန်း မှာ ရွာပေါင်း ၆၄ရွာဖြင့် ဖွဲ့စည်းထား ပြီး မော်လမြိုင်မှ အဆင့် ဇက် (သို့မဟုတ်) လှေ၊ သမ္ဗာန် ဖြင့် ကူးရသည် ။ယခုတော့ ထိုအခြေအနေမှ လွန်မြောက် ဖို့ နီးသထက်နီးလာနေပြီ။ ဖွံ့ဖြိုးရေးခေါ်သံများက ပို၍ပို၍ကျယ်လောင်လာသည်။

ယင်း အခြေအနေမှ လွတ်မြောက်ရန် ဘီလူးကျွန်း ကို တတိယမြို့တော် ဟောင်း မော်လမြိုင် နှင့် ချိတ်ဆက် မည့် တံတားစတင်း ကိုစတင် ဆောက်လုပ်နေလေပြီ ။

ထိုတံတား တည်ဆောက် ပြီးစီးပါက ဘီလူးကျွန်း ဒေသသို့ စီးပွားရေး လုပ်ငန်းများ ရောက် လာတော့ မည် ။ ဒေသထွက် ထုတ်ကုန်များကို လွယ်လွယ် ကူကူ ကုန်သွယ် နိုင်တော့ မည် ဟုမျှော်လင့် နေသူများ လည်း ရှိသည်။
bbbb
ချောင်းဆုံ (ဘီလူးကျွန်း) တံတား တည်ဆောက်ပြီးစီးပါက ဘီလူးကျွန်း ဒေသရှိ တိမ်မြုပ်စပြုနေသော လက်မှုလုပ်ငန်းများ ပြန်လည် ဖွံဖြိုး တိုးတက်လာ ရန်မျှော်လင့် နေသူမှာ ရွာလွတ်ကျေးရွာတွင် 555 သစ်သားဆေးတံ နှင့် တောင်ဝှေး ထုတ်လုပ်သည့် လုပ်ငန်း ပိုင်ရှင် ဦးမန်ငွေဝင်း ဖြစ်သည်။

“မော်လမြိုင် တိုက်ရိုက်သွား လာနိုင်ပြီဆိုတော့ ကျွန်တော်တို့လို အသေးစား လုပ်ငန်းလုပ်ကိုင်ကြ တဲ့လူ တွေပိုပြီးအဆင် ပြေတော့မှာဖြစ်ပါ တယ်၊ကုန်ကျစရိတ်ကြီးတဲ့ဒုုက္ခကနေ လွတ်မြောက်ကြပြီလို့ ဆိုရမှာပေါ့” ဟု သူကဆိုသည်။

သို့သော် မော်လမြိုင် – ချောင်းဆုံ (သံလွင်တံတား) တည်ဆောက်မှု လုပ်ငန်း စဉ် သည် ခန့်မှန်း ချိန် ထက် နောက်ကျ ပြီးစီးမည် ဖြစ်ကြောင်း တံတားဆောက်လုပ်ရေးတာဝန် ရှိသူများ ကဆိုသည်။

“မူလရာထားတဲ့အချိန်အတိုင်း ပြီးအောင်လုပ်နေတာပေါ့။ ဒါပေမဲ့ သဘာဝအခြေအနေက အနှောင့်အယှက် ဖြစ်လာနိုင်တယ်။ လက်ရှိမှာ ကုန်းပေါ်ကတိုင်တွေကတော့ ပြီးနေပြီ။” ဟု တံတားစီမံကိန်းတာဝန်ခံ ဦးသိန်းမြင့်မွန် က ပြောသည်။

တံတားဆောက်လုပ်မှုလုပ်ငန်းစဉ်သည် မူလ ရာထားချက်အတိုင်း ပြီးစီးရန်ကြိုးပမ်းနေသော်လည်းရေလည် တိုင်များ ဆောက်လုပ်မှု တွင် ရေစီးသန်သောအခက်အခဲ၊ မြစ်အောက်ခြေ မြေသား မာသော အခက် အခဲ ကြောင့် လုပ်ငန်းမတွင် ကြောင်း ၎င်း ကဆိုသည်။

“ရေလယ်တိုင် ငါးတိုင်မှာ နှစ်တိုင်က တူးနေရင်းကျောက်တွေခံနေလို့ အချိန်ပေးနေရတယ်။ သုံးတိုင်ကတော့ ပိုင်ထိပ် အုပ်ပြီးလို့ တိုင်ကိုယ်ထည်တွေတောင် လုပ်နေပြီ။ မတ်လကုန်မှာ အဲဒီသုံးတိုင်စလုံးပြီးသွားမယ်။” ဟု တံတားဆောက်လုပ်မှု အခြေနေကို သူကရှင်းပြသည်။

သို့သော် ဧပြီမတိုင် မီတွင် တံတားရေလည်တိုင် အချို့၏အောက်ခြေမြေသားတူးဖော်မှုကို ပြီးစီးအောင် လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း ဦးသိန်းမြင့်မွန်ကဆိုသည်။

မော်လမြိုင်၊ မုမွန်ဘက်ခြမ်းမှ ဘီလူးကျွန်း၊ ကညှော်ရွာဘက်ခြမ်းသို့ ဆက်သွယ်တည်ဆောက်နေ သော သံလွင်တံတား(ချောင်းဆုံ)ကို ၂၀၁၆ခုနှစ် နှစ်ကုန်တွင် အပြီးတည်ဆောက်ရန် လျာထားခြင်း ဖြစ်သည်။

ရေစီးသန်ခြင်းနှင့် မိုးရွာများခြင်းကဲ့သို့သော သဘာဝတရားများမှာ တည်ဆောက်ရေးလုပ်ငန်း အတွက် အခက်အခဲဖြစ်နိုင်ကြောင်းကို ကြိုတင်မျှော်မှန်းထားပေမဲ့ မမြင်နိုင်သော နောက်ထပ်အခက် အခဲများလည်း ရှိနိုင်ကြောင်း၊ တွင်းတူးတဲ့နေရာမှာ အောက်မှာကျောက်တွေရှိနေတာ၊ မိုးတွင်းကာလမှာ သံပေါင်ဆင် ဖို့တွေရှိတော့ ရာသီဥတုနှင့်ဆက်စပ်ပြီး ဖြစ်လာမှာတွေ ရှိနိုင်ပါတယ်ဟု ဦးသိန်းမြင့်မွန်က ပြောသည်။

ပေအရှည်ရှိသော ၅၂၀၃.၄ ထိုတံတားတွင် မုမွန်ဘက်အခြမ်းချဉ်းကပ်လမ်းမှာ ရ၅၇ ပေသာရှိ သော်လည်း ကညှော်ရွာဘက်ရှိ ချဉ်းကပ်လမ်းအရှည်မှာ ၁၇၇၃၇ပေရှိနေသည်။

မော်လမြိုင်၊ မုမွန်ဘက်ခြမ်းမှ ဘီလူးကျွန်း၊ ကညှော်ရွာဘက်ခြမ်းသို့ ဆက်သွယ်တည်ဆောက်နေ သော သံလွင်တံတား(ချောင်းဆုံ)အတွက် မူလခွင့်ပြုငွေမှာ ကျပ်သန်းပေါင်း ၁၀၇၀၇ ဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေမှ သန်း ၁၀၀၀၀နှင့် ပြည်နယ်ရန်ပုံငွေ ၃၂၉၀သန်း ထပ်ဖြည့်ကာ တည်ဆောက်နေခြင်း ဖြစ်သည်။

၂၀၁၆ခုနှစ် နှစ်ကုန်တွင် အပြီးတည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။

သ်ို့သော် သတ်မှတ်ချိန်အတွင်း ပြီးစီးရန်ကား မလွယ်ကူ လှသေး သို့သော် ဘီလူးကျွန်း တည်ဆောက် မှုလုပ် ငန်း ခွင် ပိုမိုပုံလာသော တိုင်လုံး များ ချဉ်းကပ်လမ်းများ ကား ပုံပေါ် နေလေပြီ။

ထိုသို့ ညပီးစီးရန်အချိန် နီးကပ် လာခြင်း ကပင် လမ်းတံတား အခြေခံအအောက်အဦ ဆောက်လုပ်မှု နှင့် တွဲ ပါ လာ တတ်သော မြေယာ ဈေးနှုန်း တိုးမြင့် မှုဖြစ်ပေါ်နေလေပြီ။

တံတား မဆောက်ခင် အချိန်က တစ်ဧက သိန်းနှစ်ဆယ် ဝန်းကျင်သာ ရှိသော ဘယ်ယာမြေကွက်များ သည် ယခု သိန်းငါးရာ ဝန်းကျင် စျေးပေါက်သည်။

“အခုဆိုရင် လမ်းဘေးက လယ်ကွက်တွေက တစ်ဧကသိန်းငါးရာ လောက် စျေးပေါက်ကြောင်း ကညှော်ရွာ ထဲမှာလည်း ခြံစျေးက ဆယ်ဂဏန်းမှ ရာဂဏန်းသို့ ခုန်တက်သွားတယ်” ဟု ကညှော်ရွာသားတစ်ဦးက ပြောပြသည်။

ကညှော်ရွာသည် တစ်ချိန်က ပုံမှန်ရွာတစ်ရွာအဖြစ် ရှိနေသော်လည်း မြစ်ကူးတံတားတည်ဆောက် လိုက်ခြင်း ကြောင့် အချက်အချာကျသောနေရာအဖြစ်သို့ ချက်ချင်းရောက်သွားခြင်းသည်။

အဆိုပါ မြေများ ကို မော်လမြိုင် မြို့မှ လုပ်ငန်းများ နှင့် အခြား ကုမ္ပဏီများ က လာရောက် ဝယ် ခြင်း ဖြစ် ကြောင်း ဒေသခံများ ကဆိုသည်။

အဆိုပါ မြေများ တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း ထူထောင် ရန် ဝယ်ယူနေခြင်း ဖြစ်သည် ဟု ယူဆ ရကြောင်းဒေသခံအချို့ကဆိုသည်။

“အစွန်ဘက်ရွာတွေမှာလည်း အပန်းဖြေစခန်း လုပ်နိုင်တယ်လို့ အသံတွေကြားနေရတယ်” ဟု ကညှော် ရွာသား တစ်ဦးကဆိုသည်။

ထို့အပြင် ဘီလူးကျွန်းဒေသခံတို့ သည် တံတား ဆောက်လုပ် ပြီးစီး ပါ က အသင့်ပြေးဆွဲနိုင်ရန် အဝေးပြေး ယာဉ် လိုင်းလုပ်ငန်း ထူထောင်ရန် လည်းစိတ်ဝင်စား နေကြသည်။

ဘီလူးကျွန်း တွင် ရှိသော သဘာဝ ရေပူစမ်းကို အခြေခံ ၍ ကမ္ဘာလှည့် ခရီးသွားများ ကို ဆွဲဆောင်ရန်လည်း ဘီးလူးကျွန်း ဒေသခံ တို့ ပြင်ဆင်လေ ပြီ။

မည်သို့ပင်ဖြစ်စေ မော်လမြိုင် – ချောင်းဆုံ မြစ်ကူးတံတား မှာ ယခုနှစ်ပိုင်း အတွင်း ပြီးစီးဖွယ် ရှိသည်။

တချိန် က အထီးကျန် ဖြစ်နေသော ကုန်း တလှည့် ရေတတန် သွားနေရသော ခရီး မှာ ကုန်းလမ်းဖြင့်သာ သွားလာရတော့မည်။

ဒေသခံ တို့မျှော်လင့်သလို စီးပွားရေးလုပ်ငန်းများ လည်းရောက် ရှိလာမည် ။ဘီလူးကျွန်း က ဖွံဖြိုးမှု ကို လက်ယက် ခေါ်နေ လေပြီ။

Leave a Reply