မော်လမြိုင်၊ ဇန်နဝါရီ ၁၅

မော်လမြိုင်-ချောင်းဆုံ 66 KV ဓါတ်အားလိုင်းအား သံလွင်မြစ်ဖြတ်ကျော် သွယ်တန်းမှုအခြေအနေ ပြီးစီးပြီးဖြစ်၍ ဇန်နဝါရီ ၁၈ ရက်တွင် ဘီလူးကျွန်းသို့ လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်း ဓါတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း) စီမံကိန်းမန်နေဂျာ ဦးမျိုးနိုင်က ပြောသည်။

chz-twnship-still-no-eletric

ဇန်နဝါရီ ၁၇ ရက်တွင် လျှပ်စစ်ဓါတ်အားကို စမ်းသပ် ထုတ်လွှတ်မည်ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ချောင်းဆုံ လျှပ်စစ်ဓါတ်အားခွဲရုံမှ လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဖြူးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင်-ချောင်းဆုံ 66 KV ဓါတ်အားလိုင်းသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာမှ စီမံကိန်းလုပ်ငန်းစတင်ခဲ့ပြီး 230 KV မော်လမြိုင် ဓါတ်အားခွဲရုံမှ ချောင်းဆုံမြို့နယ်သို့ သံလွင်မြစ်ဖြတ်ကျော်၍ သွယ်တန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply