Advertisements

ချောင်းဆုံ အောက်တိုဘာ

လာမည့် အောက်တိုဘာလ ၁၈ ရက်တွင် ကျရောက်မည့် နိုင်ငံတကာရှေးဟောင်းသုတေသနနေ့ကို ကြိုဆိုသော အထိမ်းအမှတ်အဖြစ် ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာ ဇေယျဝံသဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာ ၆ နှင့် ၇ ရက်နေ့များတွင်မြို့ဟောင်းနေရာများသို့ သုတေသီများနှင့် ဒေသခံလူငယ်များ ကွင်းဆင်းလေ့လာခြင်း၊ ဆွေးနွေးခြင်း ဟူ၍ နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။

“သမိုင်းအထောက်အထားတွေအရ ဘီလူးကျွန်းမှာ သုဝဏ္ဏဘူမိနဲ့ခေတ်အပြိုင်ပေါ်ခဲ့တဲ့မြို့တစ်မြို့ရှိခဲ့တယ်။ ဆယ်ဗလာချောင်းကလည်းသံလွင်မြစ်နဲ့ပင်လယ်ကိုဆက်သွယ်ထားတဲ့လှေလမ်းကြောင်းအဖြစ်ရှေးခေတ်ကုန်သွယ်ရေးမှာအကြုံးဝင်ခဲ့တယ်။လှေတွေနားခိုရာနေရာအဖြစ်အသုံးပြုခဲ့တယ်”ဟု ကွင်းဆင်းလေ့လာရေးခရီးကို ဦးဆောင်သူ သမိုင်းသုတေသနပညာရှင် လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းက ရှင်းပြသည်။

ဘီလူးကျွန်းတွင် ရှေးဟောင်းအမွေအနှစ်အထောက်အထားများအခိုင်အမာရှိကြောင်း ဒေသခံများကလည်း ရှေးဟောင်းအမွေအနှစ်များကို လိုလိုလားလား စိတ်ပါဝင်စားစွာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

ဆက်လက်၍ပြည်တွင်းပြည်ပခရီးသွားများကျယ်ကျယ်ပြန့်ပြန့်လာရောက်လေ့လာနိုင်ရန်စီစဉ်ဆောင်ရွက်ကြရန်၎င်းကအကြံပြုသည်။

ကွင်းဆင်းလေ့လာရေးခရီးစဉ်မှာ အောက်တိုဘာ ၆ ရက်တွင်တောင်စွန်းကျေးရွာအုပ်စု မုနိုင်း ဘုရား ၊ ကလွီကျေးရွာ မှ ဆယ်ဗလာဘုရား၊ ဒရယ်ကျေးရွာ ဘုရားသုံးဆူ ၊ဒရယ်မြို့ဟောင်း ၊ ကျုံးဟောင်းနေ ရာတို့နှင့် အောက်တိုဘာလ ၇ ရက်နေ့တွင် ဘိုးနက် ၊ သက္ကော ၊ ကညှော်တို့မှ ရှေးဟောင်းအထောက်အထား နေရာတို့ကိုကွင်းဆင်းလေ့လာကြောင်း ခရီးစဉ်တွင် အတူလိုက်ပါသူ တစ်ဦးဖြစ်သည့် S S Tခရီးသွားလုပ်ငန်းမန်နေဂျာ ဦးစိုးမင်းသန်းက ဆိုသည်။

သုတေသနပြု ကွင်းဆင်းလေ့လာရာတွင် အတူလိုက်ပါခဲ့သူဘိုးနက်ကျေးရွာနေ ဦးဆန်းသစ်က “ကိုယ့်ဒေသမှာမြို့ဟောင်း၊ ကျုံးဟောင်း နေရာတွေရှိတယ် ။တူးဖော်လို့ရထားတဲ့အလွန်ရှေးကျတဲ့ရှေးဟောင်း အမွေအနှစ်ပစ္စည်းတွေရှိတာကို အခုပညာရှင်တွေလာရောက်ရှင်းပြမှသိရတယ်”ဟု ပြောသည်။

ဘီလူးကျွန်းမှဒေသခံအများစုမှာ ဒရယ်မြို့ဟောင်းနှင့်အမွေအနှစ်အထောက်အထားများရှိကြောင်း ကိုသိရှိ သူနည်းပြီး သမိုင်းပညာရှင်များအထောက်အထားများဖြင့်လာရောက်ဆွေးနွေးရှင်းပြမှသာ ပိုမိုစိတ်ဝင်စား လာကြောင်းဒေသခံများထံမှ သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply