Advertisements

ချောင်းဆုံ ၊ ဇူလိုင်

ချောင်းဆုံမြို့နယ်ရှိကျေးရွာအားလုံးနီးပါး လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ဟင်္သာကျွန်း ၊ တော်ပွန် ၊ တော်ပေါင်း ကျေးရွာများတွင်မူ ယင်းအတွက်အဆင်မပြေနိုင်သေးကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇွဲကိုကိုက ပြောသည်။

“အိမ်ခြေကလည်းနည်းတယ် ၊ ကုန်ကျမှုကလည်းများတဲ့အတွက် ဖြစ်နိုင်ဖို့အစီအစဉ်မရှိသေးဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

မုရစ်ကလေး ၊ ကုန်းကလေး ၊ စော်ကဲ ၊ ကွင်းကလိန် ၊ ထန်းပင်ကုန်း ကျေးရွာများတွင် ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းအဆင့်မြှင့်တင်ရေး ထပ်မံဖြည့်စွက်တပ်ဆင်သွားရန်အစီအစဉ်များရှိကြောင်း ဦးဇွဲကိုကိုက ဆိုသည်။

မြို့နယ်တစ်ခုလုံးနီးပါး မီးလင်းရေး ဆောင်ရွက်ခဲ့သည်မှာ ၂ နှစ်နီးပါးရှိခဲ့ပြီဖြစ်သော်လည်း ဖော်ပြပါကျေးရွာများမှာ အရိပ်အရောင်ပင်မတွေ့ရသေးကြောင်း တော်ပွန်ကျေးရွာမှ ဦးလှရွှေ ကဆိုသည်။ လျှပ်စစ်ဓာတ်အားရရှိရေးကို ဒေသခံများကလည်း လိုလားထက်သန်နေသည်ဟု ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် မီတာဘောက်အလုံးရေ ၂၃၀၀၀ ကျော်ကိုတပ်ဆင် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့်မီတာဘောက်လိုအပ်ချက်အတွက် ကျေးရွာတစ်ရွာကို မီတာဘောက် ၅လုံးစီလစဉ်ဖြန့်ဝေပေးနေကြောင်းလျှပ်စစ်ဌာနမှတဆင့်သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply