Advertisements

ချောင်းဆုံ အောက်တိုဘာ

ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းအချို့တွင် ပြောင်းရွှေ့မိန့်ချထားသော်လည်းကျောင်းအုပ် အချို့ပြောင်းရွှေ့လာခြင်းမရှိသေးကြောင်းဒေသခံများကတစ်ဆင့်သိရသည်။

“အ.မ.က(ကုလားဘီရွာမ)မှာ ၂၀၁၇ ခုနှစ်ကတည်းကအော်ဒါထွက်ထားတယ် ကျောင်းအုပ်ကရောက်မလာဘူး ၂၀၁၈ခုနှစ်မှာလည်း တစ်ခါအော်ဒါထွက်ပြန်တယ် ကျောင်းအုပ်ကယနေ့အချိန်အထိပြောင်းရွှေ့ရောက်ရှိလာ ခြင်းမရှိဘူးကျောင်းအုပ်မရှိတာ ၂ နှစ်နီးပါးရှိပြီဆိုတော့အတော်လေးကိုအခက်အခဲရှိပါတယ်အလားတူ ဟင်္သာ ကျွန်းကျေးရွာမူလွန်ကျောင်းမှာလည်း ကျောင်းအုပ်မရှိဘူးလို့သိရတယ်”ဟု ကုလားဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကိုကဆိုသည်။

ရာထူးတိုးနှင့် အပြောင်းအရွှေ့လျှောက်လွှာတင်ထားပြီးကျရာနေရာများကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် အဆိုပါကျောင်းအုပ်လစ်လပ်နေရာများတွင်အခက်အခဲများဖြစ်နေကြောင်းမွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက ပြောကြားသည်။

“ဝန်ထမ်းတွေကရာထူးတိုးတွေ အပြောင်းအရွှေ့တွေတင်ပြီးကျရာနေရာကိုမပြောင်းရွှေ့နိုင်တာ တော့မကောင်း ပါဘူးဒီကျောင်းတွေမှာ ၊ အားနည်းချက်တွေ ၊ လစ်ဟာမှုတွေ၊ နစ်နာမှုတွေဖြစ်စေတယ်”ဟု၎င်းကပြောသည်။

ချောင်းဆုံမြို့နယ်တွင် အမက(ကုလားဘီရွာမ) ၊ ဟင်္သာကျွန်းမူလွန် နှင့် အထကချောင်းဆုံ ၊ အထကသက္ကော ၊ အထက ကညှော် ၊ အထက ကလွီ စုစုပေါင်းကျောင်းအုပ်လစ်လပ်နေရာ ၆ ခုရှိနေကြောင်း မြို့နယ် ဒုတိယ ပညာရေးမှူး ဦးမျိုးသိုက်ကရှင်းပြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply