Advertisements

ချောင်းဆုံ သြဂုတ် ၂၇

ဘီလူးကျွန်းသင်္ကေတ ဒသဂီရိပုံ လုံးပတ် ၃ ပေရှိ သစ်သားဆေးတံကြီးကို စတင် ထုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

“ဒေသကိုလက်ရှိအခေါ်အဝေါ်အရ ဘီလူးကျွန်းဆိုတဲ့အတွက် ဒေသရဲ့အမှတ်တရတစ်ခုအနေနဲ့ ဒသဂီရိပုံ သစ်သားဆေးတံကြီးကိုထုလုပ်ရခြင်းဖြစ်တယ် ။ လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တာတစ်လနီးပါးရှိပေမယ့် ပစ္စည်းရှာဖွေ စုဆောင်းရတာနဲ့ ကျန်းမာရေးအခြေအနေအရ လုပ်ငန်းနှောင့်နှေးနေခြင်းဖြစ်တယ်”ဟု ဆေးတံထုလုပ်သူ ဦးမန်းငွေဝင်းက ဆိုသည်။

Advertisements
data-language="en"

ယင်းကို ကုက္ကိုသားဖြင့် ထုလုပ်နေပြီး ခေါင်း ၁၀ လုံးအပါအဝင် ဆေးတံအိုးလုံးပတ် ၃ ပေ ၊ ခေါင်းထိပ် ဖျားထိအမြင့် ၄ ပေ ၊ ဆေးတံရိုးအပါအဝင် အရှည် ၅ ပေ ရှိမည်ဖြစ်သည်။

အနုစိပ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီတွင် အပြီးသတ်ရန်ကြိုးပမ်းနေကြောင်း၊ ထုလုပ်ပြီးစီးပါကထားရှိမည့်မြေနေရာကို ရွေးချယ်နေဆဲဖြစ်ကြောင်း ဦးမန်းငွေဝင်းကဆိုသည်။

ယခုဆေးတံကြီးမှာ ဒုတိယမြောက်ဖြစ်ပြီး ကနဦးကလည်း ရွာလွတ်ကျေးရွာအလယ်တွင် လုံးပတ် ၆ ပေ ၊ အရှည် ၆ ပေ ၊ အမြင့် ၃ပေရှိသစ်သားဆေးတံတစ်ခုကို အမှတ်တရ ထုလုပ်ထားရှိခဲ့ပြီးဖြစ်သည်။

ယခုလက်ရာမှာလည်း ဒေသသို့ လာရောက်သူ ပြည်တွင်းပြည်ပဧည့်သည်များကို ယခင်ရှိပြီးဆေးတံနည်းတူ ဆွဲဆောင်နိုင်သည့် အမှတ်သင်္ကေတဖြစ်လာဖွယ်ရှိကြောင်း ဒေသခံ ဦးညီလွင်က ပြောသည်။
လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply