Advertisements

ချောင်းဆုံ ၊ ဧပြီ

ယခုနှစ်မှာ ရာသီဥတုအနေအထားအရ ဘီလူးကျွန်း၌ရေခန်းခြောက်လေ့မရှိသောကျေးရွာအချို့တွင် လည်းရေရှားပါးနေကြောင်း ဒေသခံများကပြောဆိုသည်။

“ပူပြင်းခြောက်သွေ့တဲ့ရာသီဖြစ်ပေမယ့် အရင်ကရေခန်းခြောက်လေ့မရှိတဲ့ မရမ်း ၊ ကုလားဘီ ၊ ဝယ်လမ်း ကျေးရွာတွေကရေကို ယူပြီးတခြားရေရှားပါးတဲ့ကျေးရွာတွေမှာဖြန့်ဝေလှူဒါန်းပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာ သူတို့ကိုယ်တိုင်ကိုက ရေရှားပါးနေတယ်”ဟု ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ဒေသအခြေအနေကို ရှင်းပြသည်။

Advertisements
data-language="en"

မုဒူးကျေးရွာက ဦးအောင်နိုင်စိုးကလည်း ယခင်နှစ်များကမုဒူးကျေးရွာတွင် ရေရှားပါးလေ့မရှိခဲ့သော်လည်း ယခုနှစ်တွင် ရေတွင်းရေကန်များခန်းခြောက်လာကြောင်း ရေလှူဒါန်းနိုင်ရန်အတွက် ညောင်လန်းကျေးရွာမှ ရေများကိုသွားရောက်သယ်ယူပြီး ဖြန့်ဝေပေးနေကြောင်း ပြောသည်။

ဆယ်ဗလာ ၊ ဇီးကုန်း ၊ ခရိုက်ဒူး ၊ ခရိုက်နှီးဟု ၊ နတ်မှော် ၊ဟင်္သာကျွန်း ၊ ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ ကော့မုပွန် ကျေးရွာများမှာ နှစ်စဉ်ရေရှားပါးလေ့ရှိပြီး ဌာနဆိုင်ရာများနှင့် မြို့နယ်ရှိအဖွဲ့အစည်းအသီးသီးမှ အလှူရှင် များက သောက်သုံးရေများဖြန့်ဝေပေးလေ့ရှိပြီး ရေရှားပါးသောကျေးရွာများတွင်ရေရရှိရေး လုပ်ငန်းများကို လည်းလုပ်ဆောင်နေကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသိရသည်။

ရေရှားပါးသောကျေးရွာများတွင် နွေရာသီရောက်တိုင်း သောက်သုံးရေဖြန့်ဝေရောင်းချသောလုုပ်ငန်းကို လုပ်ကိုင်နေသူများလည်းရှိပြီး ကျေးရွာအနီးအဝေးအလိုက် သောက်သုံးရေတစ်ပီပါလျှင်ကျပ် ၁၀၀၀ မှ ၁၅၀၀ ကျပ်ထိဈေးနှုန်းများရှိကြောင်း သိရသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply