Advertisements

ချောင်းဆုံ ဖေဖော်ဝါရီ ၁

ဘီလူးကျွန်းဒေသ ဗိုလ်ချုပ်အောင်ဆန်းတံတား ချဉ်းကပ်လမ်းဘေး ကညှော်ကျေးရွာအနီးရှိ နေကြာစိုက်ခင်းများသို့ ယခုရက်ပိုင်းတွင် ရှုခင်းရှုကွက် လာရောက်ကြည့်ရှုအပန်းဖြေသူ၊ အလှဓာတ်ပုံ ရိုက်ကူးသူများဖြင့် နေ့စဉ် စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။

“စနေ တနင်္ဂနေ ပိတ်ရက်တွေဆိုရင် နေကြာခင်းထဲကို လာရောက်တဲ့သူ ပိုများပါတယ်။ ဘီလူးကျွန်းက ဒေသခံတွေလည်း ပါတယ်။ (သံလွင်မြစ်) တစ်ဖက်ကမ်း မော်လမြိုင်ကလည်း လာကြတယ်”ဟု နေကြာခင်းပိုင်ရှင် ကော့မုပွန်ကျေးရွာခံ ဦးထွန်းကြိုင်က ဆိုသည်။

Advertisements
data-language="en"

နေကြာခင်း ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀ စီ ကောက်ခံပြီး ယခုရက်ပိုင်း ရပ်ဝေးရပ်နီးဧည့် ဝင်ရောက်မှု များပြားလာ၍ တစ်နေ့လျှင် နေကြာခင်း ဝင်ကြေး အနည်းဆုံး ကျပ် ၆၀၀၀၀ ထိ နေ့တွက်စည်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ကြော်ငြာရိုက်ကူးတဲ့ အဖွဲ့တွေလည်းလာကြတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ်မှာ စိုက်ပျိုးတဲ့လူလည်းပိုများလာတယ်။ နေကြာခင်းအနေအထားအရ ရှုခင်းကောင်းရင်ကောင်းသလို လာကြတယ်၊ အကျိုးရှိတယ်”ဟု ယာခင်းရှင် ဦးသားငယ်က ဆိုသည်။

ယမန်နှစ်ကလည်း ယခုနည်းတူ လာရောက်သူ စည်ကားခဲ့ပြီး နေကြာစိုက်ခင်းရှင်တို့ ဝင်ငွေရွှင် တွက်ခြေကိုက်ခဲ့ဖူးကြောင်း ကာယကံရှင်တို့က ပြန်ပြောပြသည်။

“တောင်တန်းနဲ့ လယ်ကွင်း ယာခင်းနဲ့ နေကြာခင်း အရောင်အသွေးနဲ့ဆိုတော့ သဘောကျလို့ လာ လာကြည့်တာပါ၊ မနှစ်က နေကြာပွင့်ချိန်တုန်းကလည်း ရောက်တယ်၊ ခု ဒီလပိုင်း အစောက တစ်ခေါက် ရောက်ပြီးပြီ၊ သူငယ်ချင်းတွေကို လိုက်ပို့ရင်း ထပ်ရောက်လာတာ”ဟု မော်လမြိုင်မှ လာရောက်လည်ပတ်သူ လူရွယ်တစ်ဦးက ဇန်နဝါရီ စတုတ္ထပတ်တွင် ပြောသည်။

Leave a Reply