ချောင်းဆုံ၊ မတ်လ ၁၂ ။ ။ ရာသီဥတုဖောက်ပြန် ပြီးပိုးမွှားကျရောက်ခြင်း ကြောင့် ဘီလူးကျွန်း (ချောင်းဆုံ) ဒေတွင် ပဲမျိုးစုံထွက်ရှိ မှုလျော့နည်း ကြောင်း ယင်းဒေသံပဲစိုက်တောင်သူသများ ထံမှသိရှိရသည်။

MMM

“ကျွန်တော် ပဲစိုက် ဧက ၂၀ ကျော်ရှိပါတယ်၊ မတ်ပဲကို အများဆုံးစိုက်ပျိုးထားတယ်၊ အရင်နှစ်များက တစ်ဧက တင်း ၂၀ ကျော်ထွက်ရှိပြီး ပဲတင်း ၄၅၀ ဝန်ကျင်းထွက်ခဲ့တယ်၊ ယခုနှစ်မှာ တစ်ဧက ၁၀ တင်းလောက်ဘဲ အထွက်ရှိတယ်၊ တစ်ရွာလုံးမှ တောင်သူအများစုမှာလဲ ပဲထွက်လျော့နည်း နေပါတယ်”ဟု ကော့မုပွန်ကျေးရွာမှ ပဲစိုက်တောင်သူ ဦးစိုးဝင်းက ပြောဆိုသည်။

ယခင်နှစ်တွင် ပဲစိုက်ဧက သုံးဧကလျှင် ပဲတင်း ၅၀ ကျော်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲတင်း ၃၀ ကျော်သာ ထွက်ရှိကြောင်း ကညှော်ကျေးရွာမှ တောင်သူ ဦးထွန်းကြိုင်က ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ယခုလက်ရှိ ပဲမျိုးစုံပေါက်စျေးမှာ မတ်ပဲ တစ်တင်းလျှင် ၄၄၀၀၀ ကျပ်၊ ပဲတီရွှေဝါ တစ်တင်းလျှင် ၃၄၀၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်တင်းလျှင် ၂၀၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်တင်းလျှင် ၃၀၀၀၀ ကျပ် နှုန်းဖြင့် ရောင်းဝယ်နေကြောင်း ဒေသခံ ပဲမျိုးစုံရောင်းဝယ်သူ ဦးမြင့်ရွှေက ပြောဆိုသည်။

ယခုနှစ်တွင် ပဲစျေးနှုန်းများ မြင့်တက်နေမှုကြောင့် ချောင်းဆုံမြို့နယ်တွင် လာမည့်နှစ်များတွင် စိုက်ပျိုး ဧက တိုးလာနိုင်ကြောင်း ချောင်းဆုံမြို့နယ် မြေစာရင်းဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

ချောင်းဆုံးမြို့နယ်၌ ကော့မုပွန်၊ ဒေါင်းရပ်အရှေ၊ ဒေါင်းရပ်အနောက်၊ ကညှော်နှင့် ဘိုးနက်ကျေးရွာပိုင် လယ်မြေများတွင် ပဲမျိုးစုံစိုက်ပျိုးနိုင်ပြီး စုစုပေါင်းစိုက်ဧက ၄၀၀၀ ကျော်ရှိကြောင်း ချောင်းဆုံမြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။

Leave a Reply