မော်လမြိုင်၊ အောက်တိုဘာ ။ ။ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၅နာရီကဘုရားကိုးဆူစေတီအနီးရှိဥယျာဉ်ခြံတစ်ခုတွင် ခြံရှင်းသည့် အမျိုးသားတစ်ဦးပျားတုပ်ခံရခြင်းကြောင့် သေဆုံးခဲ့ရကြောင်းတောင်စွန်းနယ်မြေရဲစခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

bee-copy

ယွန်းဒလင်းကုန်းကျေးရွာအရှေ့ပိုင်းရပ်ကွက်နေဦးမောင်သိန်းသည် မယားညီအစ်ကိုဖြစ်သူဦးတင်စိုးနှင့်အတူဥယျာဉ်ခြံရှင်းရာမှပျားအုံကိုဓားဖြင့်ရမ်းမိသဖြင့်ပျားများဝိုင်းတုပ်ခဲ့ခြင်းကြောင့် ဦးမောင်သိန်း၏ မျက်လုံး၊ နားရွက်၊ အပေါ်နှုတ်ခမ်းနှင့် ဦးခေါင်းတစ်ခုလုံးတွင် ညိုမဲဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

သေဆုံးခဲ့သည့် ဦးမောင်သိန်းနှင့်အတူဥယျာဉ်ခြံရှင်းခဲ့သောဦးတင်စိုးသည်လည်းပျားတုပ်ဒဏ်ရာများရရှိကာဇုတ်သုတ်ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်းရဲမှတ်တမ်းများအရသိရသည်။

“လောလောဆယ်မှာတစ်ယောက်ကတော့ သက်သာနေပါပြီး၊စိုးရိမ်စရာမရှိတော့ပါဘူး”ဟု တောင်စွန်းနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ဦးမောင်သိန်းသေဆုံးမှုသည်ဓမ္မတာအတိုင်းရုတ်တရက်သေဆုံးခြင်းဟုတ်မဟုတ် တောင်စွန်းနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

Written by – ဟိန်းထက်

Leave a Reply