Advertisements

မော်လမြိုင်၊ စက်တင်ဘာ

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ဘီးလင်းမြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာမှ အိမ်ခြေ ၁,၃၃၅ အိမ်ကို ဆိုလာမီးရရှိရေး လုပ်ဆောင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ကျေးလက်ဦးစီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးဝင်းနိုင်က ပြောကြားသည်။

“ဘီးလင်းတစ်ခုတည်း မီးပေးမှာမဟုတ်ပါဘူး၊ ပြည်နယ်တစ်ခုလုံးပေးမှာပါ။ အခုက စာရင်းကောက်နေတုန်းပဲ။ အခုစနစ်က ကုန်ကျစရိတ်ကို ပြည်သူက ၁၀ရာခိုင်နှုန်းပေးရမယ် ကျန်တာတော့ ကျွန်တော်တို့စိုက်ပေးမှာပါ”ဟု ၎င်းကပြောသည်။

စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများတွင် မီးလင်းရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် ဆိုလာ နည်းပညာသင်တန်းများ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

လျှပ်စစ်မီးမရရှိသော ဒေသများနှင့် ဝေးလံသောဒေသများမှ ဆိုလာမီးစနစ်ကို လိုအပ်သည့် ကျေးရွာတိုင်း၌ အဆိုပါစနစ်ကို စီမံဆောင်ရွက် ပေးမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် စာရင်းကောက်ခံလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဘီးလင်းမြို့နယ်တွင် ယခုစာရင်းကောက်ခံရရှိသော ၅၃၇ အိမ်အတွက် ဆိုလာပြား 60W တစ်လုံးစီနှင့် ၂၀၃ အိမ်အတွက် 100W တစ်လုံးစီကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အပြီးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၂-၁၃တွင် အိမ်ခြေ ၂၀၀ကို ဆိုလာပြားမီးပေးနိုင်ခဲ့သည့်အပြင် ၂၀၁၃-၁၄တွင် ၂၆၁ အိမ်၊ ၂၀၁၄-၁၅တွင် ၃၆၀၁ အိမ်၊ ၂၀၁၅-၁၆တွင် ၆၇ အိမ်၊ အိမ်ခြေစုစုပေါင်း ၄,၁၂၉ အိမ် မီးပေးနိုင်ခဲ့ပြီး တန်ဖိုးငွေ ၈,၂၅၈ သိန်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

Written by – ထိုက်ထိုက်

Advertisements
<

Leave a Reply