နိဗ္ဗာန်ဈေးတွင် ကျွှေးမွေးသည့် အစားအသောက် များထဲမှ ခေါက်ဆွဲကြော် စားမိသူအများစု အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ကာ လူ (၄၀) ဦးကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည်။ (ဓါတ်ပုံ - သီရိရတနာ)
နိဗ္ဗာန်ဈေးတွင် ကျွှေးမွေးသည့် အစားအသောက် များထဲမှ ခေါက်ဆွဲကြော် စားမိသူအများစု အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ကာ လူ (၄၀) ဦးကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည်။ (ဓါတ်ပုံ - သီရိရတနာ)
နိဗ္ဗာန်ဈေးတွင် ကျွှေးမွေးသည့် အစားအသောက် များထဲမှ ခေါက်ဆွဲကြော် စားမိသူအများစု အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ကာ လူ (၄၀) ဦးကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည်။ (ဓါတ်ပုံ – သီရိရတနာ)

ဘီးလင်း ၊ ဇန်နဝါရီ ၁၇

ဘီးလင်းမြို့၊ ဆရာစံ ရပ်ကွက်ရှိ စာသင်ကျောင်း နိဗ္ဗာန်ဈေး အစားအသောက်များမှ တဆင့် အစာ အဆိပ်သင့်မှု ဖြစ်ပွားကာ ဇန်နဝါရီလ (၁၆) ရက်နေ့ ညတွင် လူ (၄၀) ဦးကျော်အား အရေးပေါ် ကုသမှု ပြုလုပ် ပေးခဲ့ ရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးကြည်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ထိုအစာ အဆိပ်သင့်မှုသည် စာသင်ကျောင်း နိဗ္ဗာန်ဈေးတွင် ကျွှေးမွေးသည့် အစားအသောက် အမျိုး (၂၀) ကျော် အနက် ခေါက်ဆွဲကြော်တွင် ပါဝင်သည့် ဟင်းသီး ဟင်းရွက် များနှင့် ထုပ်ပိုးထားသည့် ဖော့ဗူး များမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း ဘီးလင်း မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ဟင်္သာ မီဒီယာသို့ ပြောကြားသည်။

“စစ်ဆေးချက် အရ ကတော့ခေါက်ဆွဲကြော်မှာ ပါတဲ့ ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ် စတဲ့ အသီးအရွက် တွေမှာ ဖြန်းထားတဲ့ ဆေးတွေကြောင့် ဖြစ်နိင် သလို အကြော် ပူပူတွေကို ဖော့ဗူး တွေနဲ့ ထည့်တဲ့ အခါ အပူရှိန် Effect ကြောင့်လည်း ဖြစ်နိုင် တယ်လို့ ပြောပါတယ်” ဟု ဦးကျော်မျိုးမင်းက ဟင်္သာ မီဒီယာသို့ ပြောသည်။

ဇန်နဝါရီ (၁၅) ရက်နေ့ ညတွင်ပြုလုပ်သည့် စာသင်ကျောင်း နိဗ္ဗာန်ဈေးမှ အစားအသောက်များကို စားသောက် မိရာမှ ဇန်နဝါရီ (၁၆) ရက်နေ့ ည (၁၀) နာရီ ခန့်တွင် အစာ အဆိပ်သင့်မှု ရောဂါ လက္ခဏာများ ဖြစ်ပွား ခဲ့ပြီး ဆေးခန်းသို့ ပို့ဆောင် ကုသမှု ပြုလုပ် ပေးခဲ့ရသည်။

ထိုအစာ အဆိပ်သင့်မှု ဖြစ်ပွားသူ များအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ပင် ယာယီ ကုသဆောင် ဖွင့်လှစ်၍ ကုသပေးပြီး (၄) ဦးကိုသာ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရသည်။

အစာ အဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည့် ဝေဒနာရှင် အများစုမှာ အသက် (၁၂) နှစ်မှ (၂၀) နှစ်ကြား လူငယ်များ ဖြစ်ကြပြီး၊ နိဗ္ဗာန်ဈေးမှ ခေါက်ဆွဲကြော် များကို နေအိမ် များသို့ ပြန်လည် ယူဆောင် စားသောက် ကြရာမှလည်း အိမ်ရှိ လူကြီး အချို့ အစာ အဆိပ်သင့်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ထိုအစာ အဆိပ်သင့်မှု ဖြစ်ပွား သူ (၄၀) ဦးကျော်တွင် ခေါက်ဆွဲကြော်အား စားသောက်မိသူ အများစု ပါဝင်သည်။

ရွှေစင်

Leave a Reply