ဘုဏ်းသိုက်နဲ့ မိတ်ဆွေလိုပဲ ဆိုလိုက်တဲ့ ချမ်းချမ်း

အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး နောက်ပြန်ပေါင်းထုတ်ရန် အစီအစဉ် မရှိသေးသောကြောင့် လက်ရှိတွင် ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နှင့် မိတ်ဆွေအနေဖြင့် ရှိနေသေးကြောင်း ချမ်းချမ်းက ပြောသည်။

” အမှန်အတိုင်းပြောရရင် အစ်မ အဲ့ဒီအကြောင်းကို မေ့ထားတာကြာပါပြီ။ အစ်မတို့ အခုလည်း ကိုယ့်ဟာကိုယ် အသက်ရှင် နေကြတာပဲလေ။ အရမ်းလည်း ပျော်တယ်။ ကိုယ့်ဘာသာကိုယ် အလုပ်တွေလည်း လုပ်လို့ရနေတယ်လေ။ သမီးလေးကလည်း အစ်မတို့ အိမ်ထောင်ရေးကြောင့် ဘယ်လို Side Effects မျိုးမှ မခံစားရဘူး။ အစ်မကလည်း သူ့ကို အမေမေတ္တာ အပြည့်အဝပေးတယ်။ သူ့အဖေကလည်း အဖေမေတ္တာ အပြည့်အဝပေးတယ်။ အစ်မတို့က ရန်သူတွေမဟုတ်ပါဘူး။ အခုချိန်မှာ မိတ်ဆွေတွေလိုပါပဲ။ သူလည်း သူ့ရဲ့အောင်မြင်မှုအတွက် လျှောက်လှမ်းနေသလို၊ အစ်မလည်း အစ်မ
ဘဝကို အကောင်းဆုံးသွားနေတာဆိုတော့ ထွေထွေထူးထူးတော့ ဘာမှမပြောချင်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာ အနုပညာလှုပ်ရှားမှုများကို လုပ်ကိုင်နေကြ ပြီး အိမ်ထောင်ရေးနှင့်ပတ်သက်သော အ
ကြောင်းအရာကို မေ့ထားခြင်းဖြစ်ကြောင်း သိရသည်။

” သူ့အတွက် အစ်မကတော့ မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ ပြောချင်တာက သူက အရမ်းတော်ပါတယ်။ အရည်
အချင်းပြည့်ဝတဲ့ ယောကျာ်းတစ်ယောက်၊ သမီးလေးအတွက်လည်း အဖေကောင်းတစ်ယောက်ပါ။ သူဒီ့ထက်မက ပိုပြီး အောင်မြင်ပါစေ၊ အနုပညာအလုပ်တွေ လုပ်နိုင်ပါစေလို့ အစ်မ ဆုမွန်ကောင်း တောင်းပေးပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း အပြည့်အဝအားပေးပြီးတော့ သူ့ဘဝမှာ သူလုပ်ချင်တဲ့ အနုပညာတွေကို ဆက်တိုက် လုပ်ခွင့်ရပါစေ၊ လမ်းမှား ဘယ်တော့မှ မရောက်ပါစေနဲ့လို့ အစ်မ ဆုတောင်းပေးပါတယ်’ ဟု ချမ်းချမ်းက ထပ်မံပြောသည်။

Written by ခင်ပြည့်စုံဟန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.