ဘီးလင်းမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့ သော ဘုန်းတော်ကြီး တစ်ပါးနှင့် ကပ္ပိယတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သူအား စီရင်ချက်ချမှတ်ရန် ဗဟိုဌာနချုပ်ကို တင်ပြထား ကြောင်း KNU တပ်မဟာ(၁)သထုံခရိုင်ရဲမှူး စောဆဘောနော်က ဟင်္သာမီဒီယာသို့ ပြောကြား သည်။

logo-copy

“ကျွန်တော်တို့ တရားရုံးကအမိန့်မချရသေးဘူး၊ ဗဟိုကို တင်ပြထားတုန်းဘဲရှိပါသေးတယ်”ဟု စောဆဘောနော် ကဆိုသည်။

ဇူလိုင်လ ၉ရက်နေ့က ဘီးလင်းမြို့နယ်အတွင်း၊ မဲနံ့သာကျေးနယ်၊ ဘဲလဲနိ်ုရွာရှိ ဘေးမဲ့သက်သတ် လွှတ်ဘုရားကုန်းကျောင်းတိုက်မှ ဘုန်းကြီးအရှင်စန္ဒိမာနှင့် ကပ္ပိယဦးကြာဝင်းတို့ကို ခေါင်းဖြတ်သတ်ပြီး နောက် ဦးခေါင်းများကိုလှေကားတွင်ထားခဲ့ သူမှာ စောအောသေ့ဖြစ် ကြောင်း စောဆဘောနော် ကရှင်းပြသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့သောလူသတ်မှုဖြစ်စဉ်မှာ KNU ထိန်းချုပ်နယ်မြေအတွင်းပထမဦးဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီးပြစ်မှုကျူးလွန်သူစောအောသေ့ကို KNUတရားရုံးမှ အမိန့်ချမှတ်မှုမရှိသေးဘဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်းသထုံမြို့နယ် KNU ဆက်ဆံရေးရုံးတာဝန်ခံစောအေးနိုင်ကဆိုသည်။

အဆိုပါပြစ်မှုကျူးလွန်သူစောအောသေ့ကို KNU တရားရုံးမှ လူသတ်မှု ပုဒ်မ ၁၉၀ ဖြင့် ဖမ်းဆီးအရေးယူးမှု ပြုလုပ်ထားကြောင်း၊ KNU ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားသောကိစ္စရပ်များကို KNU တရားရုံးကသာ ဖြေ ရှင်းမှုပြုလုပ်ကြောင်း KNU တပ်မဟာ(၁)မှ သိရသည်။

Leave a Reply