(ဓါတ်ပုံ အညွှန်း – မင်းကင်းဘုန်းကြီးကျောင်း မီးလောင်နေခြင်းကို မီးငြိမ်းသတ်နေသည့်မြင်ကွင်း)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သိပ္ပံလမ်းထိပ်တွင် ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခွဲက မင်းကင်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ နှစ်ထပ်ကျောင်းဆောင်၏ အပေါ်ထပ်ဘုရားစင်တွင် ပူဇော်ထားသော လျှပ်စစ်မီးဆိုင်းများ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ ဘုရားစင်မှ တစ်ဆင့် အပေါ်ထပ်ကျောင်းဆောင် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 (ဓါတ်ပုံ အညွှန်း – မင်းကင်းဘုန်းကြီးကျောင်း မီးလောင်နေခြင်းကို မီးငြိမ်းသတ်နေသည့်မြင်ကွင်း)

(ဓါတ်ပုံ အညွှန်း – မင်းကင်းဘုန်းကြီးကျောင်း မီးလောင်နေခြင်းကို မီးငြိမ်းသတ်နေသည့်မြင်ကွင်း)

“မီးလောင်တဲ့အချိန် အပေါ်ထပ်မှာ တစ်ယောက်မှ မရှိကြဘူး၊ အကုန်လုံး တစ်ဖက်ကျောင်းဆောင် အောက်ထပ်မှာ ရှိနေကြတာ၊ ဘယ်အချိန်လောက်က စလောင်တာလည်းဆိုတာကို မသိပါ”ဟု ဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ဘုရားစင်မှ တစ်ဆင့် အပေါ်ထပ်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းခဲ့သောကြောင့် ပေ ၃၅၊ ပေ ၂၀ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင်ရှိ အပေါ်ထပ် ကျောင်းဆောင်တစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မီးလောင်မှုကြောင့် ကပ္ပိယဖြစ်သူ ဦးသန်းဇော်ထွေး (၄၀နှစ်) ကို မြို့မရဲစခန်းတွင် ၂၈၅ ပြစ်မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆိုသည်။

Leave a Reply