ဘောလုံးပွဲမှာမိုးကြိုးထိမှန်ပြီး နှစ်လအကြာမှာ မာရစ်ဘက်တိုက်စစ်မှူး ကွယ်လွန်

တောင်အာဖရိက ပရီးမီးယားလိဂ်ရဲ့ မာရစ်ဘက်ယူနိုက်တက်အသင်း တိုက်စစ်မှူး လူယန်ဒါနာ ရှန်ဂါဆီဟာ ဘော
လုံးကွင်းထဲမှာ ဘောလုံးကစားနေရင်း မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ရကြောင်း သတင်းများက သိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ်လခန့်က အာဖရိကတိုက်စစ်မှူး လူယန်ဒါနာရှန်ဂါဆီဟာ ကွာဇူးလူး-နာတယ်မှာ ကျင်းပ ပြုလုပ်တဲ့ ချစ်
ကြည်ရေးပွဲစဉ်တစ်ခုမှာ ဘောလုံးကစားနေရင်း ရုတ်တရက် မိုးကြိုးထိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ရှန်ဂါဆီဟာ မိုးကြိုးထိမှန်ခဲ့တဲ့ ဒဏ်ရာကြောင့် ကိုမာရောဂါ ရရှိသွားခဲ့ရပြီး ဆေးရုံမှာ ဆေး
ကုသမှုခံယူကာ နှစ်လအကြာမှာတော့ အဆိုပါဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

တောင်အာဖရိက ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကတော့ ရှန်ဂါဆီဟာ အလားအလာကောင်းတဲ့ လူငယ်က
စားသမားတစ်ဦးဖြစ်ပြီး သူ့ကို မီဒီယာတွေက ဆိုပါတယ်။

ရှန်ဂါဆီဟာ မာရစ်ဘက်ယူနိုက်တက်အသင်းရဲ့ မတော်တဆသေဆုံးစာရင်းမှာ ပါဝင်တဲ့ သုံးဦးမြောက် ကစားသမား
ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်က ကွင်းလယ်ကစားသမား မွန်ဒီစီလီနဲ့ မလွန်ဒီဒလာမီနီတို့ဟာလည်း မတော်တဆကားတိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆုံးရှုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါကြောင်း တရားဝင်ထုတ် ပြန်ကြေငြာလိုက်ပါတယ်။
ရှန်ဂါဆီနဲ့အတူ အခြားဘောလုံးသမား ၂ ဦးဟာ မိုးကြိုးထိမှန်ခဲ့ပေမယ့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး ရှန်ဂါဆီကတော့ ရင်ဘတ်နေရာမှာ ထိမှန်ခဲ့ကာဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသတွင်း အာဖရိကတိုက်စစ်မှူး လူယန်ဒါနာရှန်ဂါဆီဟာ ၂၀၁၆ ခုနှစ်မှာ ကိုင်ဇာချိဖ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး လက်ရှိ ရှန်ဂါဆီကစားနေတဲ့ မာရစ်ဘက်ယူနိုက်တက် အသင်းကတော့ တောင်အာဖရိက ပရီးမီးယားလိဂ်ရဲ့ အမှတ် ပေးဇယားမှာ အဆင့်၄နေရာ ကနေ ရပ်တည်နေတယ်လို့ သိ ရပါတယ်။

Ref:SABC News

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.