Advertisements

အိုင်ဗရီကို့စ်ဝါရင့် တိုက်စစ်မှူး ဒရော့ဘာက ယခုရာသီကုန်တွင် ဘောလုံးသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် ၃၉ နှစ်အရွယ် ချယ်လ်ဆီးကစားသမားဟောင်း ဒရော့ဘာသည် လက်ရှိအချိန်တွင် အမေရိကန်ကလပ် Phoenix Rising အသင်း၌ ကစားနေပြီး ၎င်းက ယခုရာသီမှာ သူ့အတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နောက်ဆုံးရာသီဖြစ် ကြောင်း ပြောဆိုလိုက်သည်။

ဒရော့ဘာက “လာမယ့်နှစ်ဟာ ကျွန်တော့်အတွက် ဘောလုံးသမားဘ၀ နောက်ဆုံးရာသီဖြစ်လာမှာပါ။ တစ်ချိန်ချိန်ကျရင်တော့ ဘောလုံးသမားဘဝက သေချာပေါက် အနားယူရမှာဖြစ်ပါတယ်။ တခြားအစီအစဉ်တွေအတွက် ကျွန်တော် အချိန်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

ဒရော့ဘာသည် ကစားသမားဘဝတွင် ချယ်လ်ဆီးအသင်းနှင့်အတူ အထင်ကရ အောင်မြင်မှုများရယူနိုင်ခဲ့ပြီး ကိုး ရာသီအတွင်း ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိက ဆုဖလားပေါင်း ၁၂ ခုအထိ ရယူခဲ့သည်။

ထို့ပြင် ဒရော့ဘာသည် ချယ်လ်ဆီးအသင်းအတွက် ၃၈၁ ပွဲ ကစားပြီး ၁၆၄ ဂိုး သွင်းယူခဲ့သည်။ ဒရော့ဘာသည် အိုင်ဗရီကို့စ်အသင်းတွင် သွင်းဂိုး စံချိန်တင်ထားပြီး ၅၇ ဂိုးသွင်းယူကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ် တည်နေသည်။

Ref- Sky Sport

Advertisements
<

Leave a Reply