မကူးစက်သောရောဂါများကို ပူးပေါင်းကာကွယ်ထိန်းချုပ်ကြပါစို့

(Together Let’s beat NCD)

ကမ္ဘာ့နိုင်ငံများ အပါအဝင်မြန်မာနိုင်ငံမှာပါ ကူးစက်ရောဂါဖြစ်ဖြစ်သော တီဘီ၊ ငှက်ဖျား၊ HIV(AIDS) တို့ကြောင့်နှစ်စဉ် လူ့အသက်ပေါင်းများစွာဆုံးရှုံးနေရသကဲ့သို့ မကူးစက်ရောဂါများ ဖြစ်သော သွေးတိုးရောဂါ၊ ဆီးချို သွေးတိုးရောဂါများကြောင့်လည်း လူ့အသက်ပေါင်းများစွာသေဆုံးနေရသည့်အပြင် ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရပါသည်။

ယခုအခါ မကူးစက်ရောဂါများဖြစ်သော သွေးတိုး၊ ဆီးချို၊ သွေးချို ရောဂါများကိုကြိုတင်ကာကွယ်ထိန်း ချုပ်နိုင်ရန်မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးများနှင့်ပြည်နယ်အတွင်းရှိ မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများစွာမှာ “ PEN” Prject များလုပ်ဆောင်နေပါသည်။ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများသည် လူနာများ အားသွေးပေါင်မှန်မှန်ချိန်ပေးခြင်း၊ ဆီးချို သွေးချိုဖောက်ခြင်း ကိုယ်အလေးချိန်များတိုင်းပေးခြင်း၊ (BMI) ဆေးဝါး ကုသပေးခြင်း၊ ကိုယ်လက်လှုပ်ရှားစေခြင်း၊ အငန်လျော့စားခိုင်းခြင်း၊ သွေးတွင်းအဆီဓာတ်လျှော့ချခြင်း၊ အရက်သောက်ခြင်းနှင့်ဆေးလိပ်သောက်ခြင်းတို့မှ ရှောင်ရှားကြရန် တိုက်တွန်းနှိုးဆော်ပညာပေးကုသမှုများ လုပ်ဆောင်နေကြပါသည်။

၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ (၂၉) ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့
‘WORLD STROKE’s DAY’ ဖြစ်သည်။

လေဖြတ်ရောဂါ၏ အဓိကတရားခံသည် သွေးတိုးဖြစ်ပါသည်။ သွေးတိုးရောဂါကြောင့် ဦးနှောက်ထဲသို့သွေး မရောက်နိုင်ဖြစ်ပြီး ဦးနှောက်၏ အရေးကြီးသော လုပ်ငန်းတာဝန်များကို မစွမ်းဆောင်နိုင်တော့ဘဲ ကိုယ်တစ် ခြမ်းသေခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ လှုပ်ရှား၍မရခြင်း၊ စကားမပြောနိုင်ခြင်းဖြစ်ပြီး နောက်ဆုံးအိပ်ရာထဲ ဘုံးဘုံးလဲကာသူတစ်ပါးအားမှီခိုရခြင်း၊ မိသားစု၊ လူမှုရေး၊ စီးပွားရေးပြဿနာမျိုးစုံအခက်အခဲမျိုးစုံကြုံတွေ့ရ ပြီးနောက်ဆုံးအသက်ဆုံးရှုံးရပါသည်။

WHO report 2016 အရ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံးဟာ (shoke)ကြောင့်ဖြစ်ပြီး လူ(၆) ယောက်မှာ (၁) ယောက်သည် လေဖြတ်နိုင်ခြေရှိပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ် Yongon general hospital, Myanmar stnoke data အရလည်း (stroke) လေဖြတ်ရောဂါသည် ဆေးရုံတက်ရောက်သူအများဆုံးနှင့်အ သေအပျောက်အများဆုံးရောဂါဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ‘ New 2018 ESC/ESH guidelines fan management of hpertension’ တွင် stroke ကိုကာကွယ်ရန်အများစုသောလူနာများကို သွေးပေါင်ချိန် ၁၃၀/၈၀ mmhg မှာထိန်းထားပေးရမှာဖြစ်ပါတယ်။

(အပေါ်သွေး =၁၃၀ mmhg , အောက်သွေး = ၈၀ mmhg) သည် အရေးပါလှပါသည်။

လူနာ၏အိမ်မှာတိုင်းတာသောသွေးပေါင်ချိန်မှတ်တမ်း Home Blood Pressure Mornitor( ABPM or HBPm)သည် အရေးပါလှပါသည်။

သွေးကျဆေးကိုလည်း အရည်အသွေးကောင်းမွန်ပြီး အာနိသင်ထက်မြက်သော ဆေးဝါးနှစ်မျိုးပေါင်းပြီး၊ ဆေးတစ်လုံးတည်းပြုလုပ်ထားသော (Single P.11 conbination) two days conbination there a py) သောက်သုံးသင့်ပါသည်။

E.g ACE I + CCB (0R)
ACE I + Thiazide/Thiazide like Diuecits

အချုပ်အားဖြင့်ဆိုသော် လူတိုင်းလူတိုင်းစိတ်ရောကိုယ်ပါကျန်းမာပြီး အသက်ရှည်စေရန် Stroke ဦးနှောက်လေဖြတ်ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်

၁။ သွေးပေါင်မှန်မှန်ချိန်ပါ။ ပုံမှန်အသက်အရွယ်အလိုက်ရှိသင့်သောသွေးပေါင်ချိန်အတိုင်းထားပါ။
အသက် (၅၅) နှစ်အထက်လူကြီးအများစုကိုလည်း ၁၃၀/ ၈၀ mmhg မှာထိန်းထားပေးရမည်။ (ချွင်းချက်မှအပ)

၂။ သွေးကျဆေးမှန်မှန်သောက်ပါ။
(Single pill conbination)
ဆီးချို၊ သွေးချိုထိန်းပါ။
အရက်၊ အငန်၊ဆေးလိပ် ရှောင်ပါ။
အဝလွန်ခြင်း၊ သွေးတိုးအဆီဓာတ်လွန်ကဲခြင်းမှ ရှောင်ပါ။
နေ့စဉ် နာရီဝက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ပေးပါရန်အကြံပြုအပ်ပါသည်။

အောင်ကျော်ဦး

မှီငြမ်း- ‘ Optimizing care for Hypertensive padients’ ( Scientific program)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.